အေမရိကန္ကို ခ်ီးက်ဴးလို႔ အိုလံပစ္ပြဲ မပါေတာ့ဘူးလို႔ ေျမာက္ကိုရီးယား ၿခိမ္းေျခာက္

0
2121

ေတာင္နဲ႔ ေျမာက္ကိုရီးယားတို႔ ေတြ႔ဆံုေဆြးေႏြးမႈ တစ္ပတ္မၾကာေသးခင္မွာပဲ ေတာင္ကိုရီးယား ေဆာင္းရာသီ အိုလံပစ္ပြဲကို မပါဘဲ ေနေတာ့မယ္လို႔ ေျမာက္ကိုရီးယားက ၿခိမ္းေျခာက္လိုက္ပါတယ္။

ၿပီးခဲ့တဲ့ရက္က ေတာင္ကိုရီးယားသမၼတ မြန္းေဂ်အင္း မိန္႔ခြန္းေျပာရာမွာ ေတာင္နဲ႔ ေျမာက္ကိုရီးယား ေတြ႔ဆံုမႈ ျဖစ္ေပၚေရးအတြက္ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က အႀကီးအက်ယ္ အေထာက္အကူ ေပးခဲ့တယ္လို႔ ခ်ီးက်ဴးခဲ့တဲ့အတြက္ ေျမာက္ကိုရီးယားက အခုလို ၿခိမ္းေျခာက္လိုက္တာ ျဖစ္ပါတယ္။

သမၼတ မြန္းေဂ်အင္းရဲ႕ ေက်းဇူးတင္စကားက အေမရိကန္ ဦးေဆာင္တဲ့ ပိတ္ဆို႔အေရးယူမႈနဲ႔ ဖိအားေတြေၾကာင့္ ေျမာက္ကိုရီးယားက ေတြ႔ဆံုလာရတာလို႔ အဓိပၸာယ္ သက္ေရာက္တဲ့အတြက္ ေျမာက္ကိုရီးယားက မခံမရပ္ႏိုင္ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ေတာင္ကိုရီးယား သမၼတရဲ႕ မွတ္ခ်က္ဟာ နိမိတ္မရွိတဲ့စကားလို႔ ေျမာက္ကိုရီးယားက အျပစ္တင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်ကို ချီးကျူးလို့ အိုလံပစ်ပွဲ မပါတော့ဘူးလို့ မြောက်ကိုရီးယား ခြိမ်းခြောက်

တောင်နဲ့ မြောက်ကိုရီးယားတို့ တွေ့ဆုံဆွေးနွေးမှု တစ်ပတ်မကြာသေးခင်မှာပဲ တောင်ကိုရီးယား ဆောင်းရာသီ အိုလံပစ်ပွဲကို မပါဘဲ နေတော့မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်က တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း မိန့်ခွန်းပြောရာမှာ တောင်နဲ့ မြောက်ကိုရီးယား တွေ့ဆုံမှု ဖြစ်ပေါ်ရေးအတွက် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က အကြီးအကျယ် အထောက်အကူ ပေးခဲ့တယ်လို့ ချီးကျူးခဲ့တဲ့အတွက် မြောက်ကိုရီးယားက အခုလို ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။

သမ္မတ မွန်းဂျေအင်းရဲ့ ကျေးဇူးတင်စကားက အမေရိကန် ဦးဆောင်တဲ့ ပိတ်ဆို့အရေးယူမှုနဲ့ ဖိအားတွေကြောင့် မြောက်ကိုရီးယားက တွေ့ဆုံလာရတာလို့ အဓိပ္ပာယ် သက်ရောက်တဲ့အတွက် မြောက်ကိုရီးယားက မခံမရပ်နိုင် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား သမ္မတရဲ့ မှတ်ချက်ဟာ နိမိတ်မရှိတဲ့စကားလို့ မြောက်ကိုရီးယားက အပြစ်တင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)