ပီ႐ူးမွာ အင္အားျပင္း ငလ်င္လႈပ္ခတ္

0
2075

ပီ႐ူးႏိုင္ငံေတာင္ပိုင္း  ကမ္း႐ိုးတမ္းမွာ မေန႔ ဇန္န၀ါရီ ၁၄ ရက္ေန႔ မနက္ခင္းက ၇.၁ မဂၢနီက်ဳအဆင့္ရွိ အင္အားျပင္းငလ်င္ လႈတ္ခတ္ခဲ့လုိ႔ ၁ ဦးေသဆံုးခဲ့ၿပီး လူေပါင္း ၂၀ ေလာက္ ထိခိုက္ဒဏ္ရာ ရရွိသြားခဲ့ပါတယ္။

ငလ်င္ဒဏ္ေၾကာင့္ လမ္းမေတြနဲ႔ ေနအိမ္ေတြ ၿပိဳက်ပ်က္စီးခဲ့ၿပီး လိုမားစ္ေဒသကို ဗဟိုျပဳကာ လႈပ္ခတ္ခဲ့တာလုိ႔ ပီ႐ူးးအစိုးရ ဘူမိေဗဒဌာနက ေျပာပါတယ္။

ငလ်င္လႈပ္ခတ္သြားၿပီးတဲ့ေနာက္ လ်ွပ္စစ္မီးေတြကို ျဖတ္ေတာက္ထားခဲ့ၿပီး လမ္းမေတြနဲ႔ ၿပိဳက်ေနတဲ့ အေဆာက္အဦးေတြကုိ စည္ပင္က ရွင္းလင္းလုပ္ေဆာင္ေနကာ ေဒသခံေတြကိုလည္း ေဘးလြတ္ရာကို ေျပာင္းေရႊ႔ေပးခဲ့ၾကပါတယ္။

ပီး႐ူးမွာ ၿပီးခဲ့တဲ့ ၂၀၀၇ ခုႏွစ္တုန္းကက ငလ်င္ဒဏ္ေၾကာင့္ လူရာနဲ႔ခ်ီၿပီး ေသဆံုးခဲ့ဖူးပါတယ္။ ပီ႐ူးဟာ ကမာၻ႔နံပါတ္ ၂ အဆင့္ ေၾကးနီအမ်ားဆံုး ထုတ္လုပ္တဲ့ ႏိုင္ငံျဖစ္ၿပီး ႏိုင္ငံေတာင္ပိုင္းမွာ မိုင္းတြင္းေတြ မ်ားစြာ တည္ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပီရူးမှာ အင်အားပြင်း ငလျင်လှုပ်ခတ်

ပီရူးနိုင်ငံတောင်ပိုင်း ကမ်းရိုးတမ်းမှာ မနေ့ ဇန်နဝါရီ ၁၄ ရက်နေ့ မနက်ခင်းက ၇.၁ မဂ္ဂနီကျုအဆင့်ရှိ အင်အားပြင်းငလျင် လှုတ်ခတ်ခဲ့လို့ ၁ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၂၀ လောက် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့် လမ်းမတွေနဲ့ နေအိမ်တွေ ပြိုကျပျက်စီးခဲ့ပြီး လိုမားစ်ဒေသကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့တာလို့ ပီရူးအစိုးရ ဘူမိဗေဒဌာနက ပြောပါတယ်။

ငလျင်လှုပ်ခတ်သွားပြီးတဲ့နောက် လျှပ်စစ်မီးတွေကို ဖြတ်တောက်ထားခဲ့ပြီး လမ်းမတွေနဲ့ ပြိုကျနေတဲ့ အဆောက်အဦးတွေကို စည်ပင်က ရှင်းလင်းလုပ်ဆောင်နေကာ ဒေသခံတွေကိုလည်း ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့ကြပါတယ်။

ပီးရူးမှာ ပြီးခဲ့တဲ့ ၂၀ဝ၇ ခုနှစ်တုန်းကက ငလျင်ဒဏ်ကြောင့် လူရာနဲ့ချီပြီး သေဆုံးခဲ့ဖူးပါတယ်။ ပီရူးဟာ ကမ္ဘာ့နံပါတ် ၂ အဆင့် ကြေးနီအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံတောင်ပိုင်းမှာ မိုင်းတွင်းတွေ များစွာ တည်ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)