ထိုင္းမွာ တ႐ုတ္ႏိုင္ငံသားေတြ စီးလာတဲ့ ေမာ္ေတာ္္ဘုတ္ ေပါက္ကြဲ၊ ၁၆ ဦးဒဏ္ရာရ

0
2095

ထုိင္းႏိုင္ငံေတာင္ပိုင္း၊ အန္ဒမန္ ပင္လယ္ျပင္အနီးရွိ ဖီဖီက်ြန္းအနီးမွာ မေန႔ ဇန္န၀ါရီလ ၁၄ ရက္ေန႔က တ႐ုတ္ႏိုင္ငံသား ခရီးသြား ၂၇ ဦး တင္ေဆာင္လာတဲ့ ေမာ္ေတာ္ဘုတ္တစ္စီး ေပါက္ကြဲမႈ ျဖစ္ပြားခဲ့လို႔ ၁၆ ဦး ထိခုိက္ဒဏ္ရာ ရရွိသြားခဲ့ပါတယ္။

အဲ့ဒီ ၂၇ ဦးမွာ ကေလး ၃ ဦး အပါအ၀င္ သေဘၤာသား ၅ ဦးထဲက ၂ ဦးလည္း ဒဏ္ရာရရွိသြားခဲ႔ပါတယ္။ တျခား  ၅ ဦးကေတာ့ ဒဏ္ရာျပင္းျပင္းထန္ထန္ ရရွိထားၿပီး ေျခလက္ေတြနဲ႔ ခႏၶာကုိယ္ေတြမွာ မီးေလာင္ဒဏ္ရာေတြ ရရွိထားပါတယ္။

ဒီမေတာ္တဆမႈ ျဖစ္ပြားၿပီးတဲ့ေနာက္ ဖူးခက္ တ႐ုတ္ေကာင္စစ္ဝန္႐ံုးက အရာရွိေတြ ဒဏ္ရာရရိွထားတဲ့ တ႐ုတ္ႏိုင္ငံသားေတြကုိ လာေရာက္ၾကည့္႐ႈခဲ့ၿပီး အခုလုိ ျဖစ္ပြားမႈအတြက္ ထိုင္းရဲတပ္ဖြဲ႔က စံုစမ္းစစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းမှာ တရုတ်နိုင်ငံသားတွေ စီးလာတဲ့ မော်တော်ဘုတ် ပေါက်ကွဲ၊ ၁၆ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ အန်ဒမန် ပင်လယ်ပြင်အနီးရှိ ဖီဖီကျွန်းအနီးမှာ မနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့က တရုတ်နိုင်ငံသား ခရီးသွား ၂၇ ဦး တင်ဆောင်လာတဲ့ မော်တော်ဘုတ်တစ်စီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ ၁၆ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

အဲ့ဒီ ၂၇ ဦးမှာ ကလေး ၃ ဦး အပါအဝင် သင်္ဘောသား ၅ ဦးထဲက ၂ ဦးလည်း ဒဏ်ရာရရှိသွားခဲ့ပါတယ်။ တခြား ၅ ဦးကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားပြီး ခြေလက်တွေနဲ့ ခန္ဓာကိုယ်တွေမှာ မီးလောင်ဒဏ်ရာတွေ ရရှိထားပါတယ်။

ဒီမတော်တဆမှု ဖြစ်ပွားပြီးတဲ့နောက် ဖူးခက် တရုတ်ကောင်စစ်ဝန်ရုံးက အရာရှိတွေ ဒဏ်ရာရရှိထားတဲ့ တရုတ်နိုင်ငံသားတွေကို လာရောက်ကြည့်ရှုခဲ့ပြီး အခုလို ဖြစ်ပွားမှုအတွက် ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)