
0
625




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှားမှာ သေဒဏ် ဖျက်သိမ်းမယ်

လူသတ်မှုကြောင့်ပေးတဲ့ သေဒဏ် အပါအဝင် သေဒဏ်ပေးတာတွေကို ဖျက်သိမ်းဖို့ မလေးရှားအစိုးရအဖွဲ့က သဘောတူညီခဲ့ပါတယ်။

မလေးရှား တရားရေးဝန်ကြီးက ဥပဒေ ၈ ခုမှာပါတဲ့ သေဒဏ်ပြစ်ဒဏ် ၃၂ ခုကို ဖျက်သိမ်းမယ်လို့ မလေးရှား လွှတ်တော်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။ မလေးရှားအစိုးရက ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ အပြင်းအထန် နာကျင်စေမှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ လက်နက်ကိုင်အဖွဲ့ ဥပဒေ အပါအဝင် သေဒဏ် အပြစ်ဒဏ်ပေးနိုင်တဲ့ ဥပဒေတွေကို ဖျက်သိမ်းမယ်လို့ မလေးရှား တရားရေးဝန်ကြီးက ပြောပါတယ်။

သေဒဏ်ဖျက်သိမ်းဖို့ အစိုးရက ဆုံးဖြတ်ပြီးချိန်မှာ အများပြည်သူကို ချပြပြီး တုံ့ပြန်မှုတွေ ရယူမယ်လို့လည်း မလေးရှား တရားရေးဝန်ကြီးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)