
0
612




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သေဆုံးသွားတဲ့ သခင်ကို လမ်းမပေါ်မှာ ခွေးကလေးက ရက် ၈၀ ကြာစောင့်

တရုတ်နိုင်ငံက ခွေးလေးတစ်ကောင်ဟာ သေဆုံးသွားတဲ့ သူ့သခင်ကို လမ်းမပေါ်မှာ ရက်ပေါင်း ၈၀ ကြာ စောင့်ဆိုင်းနေခဲ့ပါတယ်။

ခွေးကလေးဟာ ဟိုဟော့မြို့ လမ်းပေါ်မှာ သခင်ဖြစ်သူကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့တာဖြစ်ပြီး အဲဒီ ရုပ်သံဖိုင်က တရုတ်လူမူကွန်ရက်မှာ လူအများအပြား စိတ်ဝင်စားစေခဲ့ပါတယ်။ ရုပ်သံဖိုင်ကို တရုတ်လူမှုကွန်ရက် ဝက်ဘ်ဆိုက် Weibo မှာ ကြည့်ရှသူ ၁ ဒသမ ၄ သန်း ရှိခဲ့ပါတယ်။

ခွေးလေးဟာ သခင်ဖြစ်သူ သေဆုံးခဲ့တာကို မသိခဲ့ပါဘူး။ သခင်ဖြစ်သူဟာ သြဂုတ်လ ၂၁ ရက်နေ့ကတည်းက သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ တက္ကစီသမားတွေက ခွေးလေးကို ကူညီဖို့ ကြိုးပမ်းပေမယ့် ခွေးလေးဟာ တက္ကစီသမားတွေကို အနားအကပ်မခံဘဲ အဝေးကိုပဲ ထွက်ပြေးနေခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)