
1
1172





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကြိုးဝိုင်းအတွင်း သေဆုံးခဲ့တဲ့ ထိုင်း ကလေး လက်ဝှေ့သမားကိစ္စ ပြည်သူတွေ ဒေါသထွက်

လက်ဝှေ့ကြိုးဝိုင်းထဲမှာ သေဆုံးခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် ကလေး လက်ဝှေ့သမား ကိစ္စကို ထိုင်းပြည်သူတွေက ထိတ်လန့်ကာ ဒေါသထွက်ခဲ့ကြပြီး မွေထိုင်းကို ကလေးသူငယ်တွေ ထိုးနေတာ ပိတ်ပင်ဖို့ တကျော့ပြန် တောင်းဆိုခဲ့ကြပါတယ်။

ဘန်ကောက်မြို့အနီး ဆမွတ် ပရာခန်ခရိုင်မှာ နိုဝင်ဘာ ၁၀ ရက်နေ့က ကလေး လက်ဝှေ့သမား အနုချာ တာဆာကိုဟာ ပြိုင်ဘက်က တံတောင်နဲ့ ဦးခေါင်းကို အချက်များစွာ တိုက်ခိုက်ခံရပြီးနောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကျော်ကြားမှုနဲ့ အနာဂတ်အတွက် အာမခံချက် ရှိမှုတို့ကြောင်း ထိုင်းကလေးငယ်တွေဟာ မွေထိုင်း လောကထဲကို ဝင်ရောက်မှု များနေပါတယ်။ အသက် ၁၀ နှစ်အောက် ကလေးတွေပါ ရှိနေပြီး ဦးခေါင်းကို ကန်တာ၊ တံတောင်နဲ့ တွတ်တာ ခွင့်ပြုထားပေမယ့် ဦးခေါင်းအကာအကွယ် ခွင့်မပြုမထားတဲ့အတွက်လည်း မကြာခဏ ဝေဖန်ခံနေရပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေမှာ လက်ဝှေ့ကြိုးဝိုင်းထဲ ဝင်တဲ့ ကလေးလက်ဝှေ့သမားတွေဟာ မိသားစုကို ရှာကျွေးသူတွေ ဖြစ်လာသလို လက်ဝှေ့ပွဲတွေဟာလည်း လောင်းကစား ဖြစ်လာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.