အေမရိကန္မွာ မုန္းတီးမႈေၾကာင့္ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ ျမင့္တက္ေန

0
538

၂၀၁၇ ခုႏွစ္အတြင္း မုန္းတီးမႈေၾကာင့္ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြမွာ ဂ်ဴး၊ အာရပ္ အႏြယ္ဝင္ ဆီမိုက္ေတြကို ဆန္႔က်င္ေရးေၾကာင့္က ၅၈ ဒသမ ၁၊ အစၥလာမ္ကို မုန္းတီးမႈေၾကာင့္ က်ဴးလြန္မႈက ၁၈ ဒသမ ၆ ရာခိုင္ႏႈန္းရွိတယ္လို႔ FBI အခ်က္အလက္ေတြက ေဖာ္ျပပါတယ္။

အမုန္းတရားေၾကာင့္ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြဟာ အေမရိကန္မွာ ၂၀၁၇ ခုႏွစ္အတြင္း ၁၇ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ပါတယ္။ မႏွစ္တုန္းက အမုန္းတရားေၾကာင့္ က်ဴးလြန္တဲ့ ရာဇဝတ္မႈ ၇၁၇၅ ခုမွာ ထက္ဝက္ေက်ာ္က ေစာ္ကားေမာ္ကားလုပ္တာ၊ ၿခိမ္းေျခာက္တာေတြ ျဖစ္ၿပီး ၃ ေထာင္ေက်ာ္ကေတာ့ သူတို႔ မုန္းတီးသူေတြရဲ႕ ပစၥည္းေတြကို ဖ်က္ဆီးတာ၊ ဓားျပတိုက္တာေတြ ျဖစ္ၾကပါတယ္။

ရာဇဝတ္မႈ က်ဴးလြန္ခံရသူရဲ႕ ၅၉ ရာခိုင္ႏႈန္းဟာ သူတို႔ရဲ႕ လူမ်ိဳး၊ တိုင္းရင္းသားနဲ႔ မ်ိဳး႐ိုးေၾကာင့္ ျဖစ္ပါတယ္။ ၂၀ ရာခိုင္ႏႈန္းကေတာ့ ဘာသာေရးေၾကာင့္ျဖစ္ၿပီး ၁၅ ရာခိုင္ႏႈန္းကေတာ့ သူတို႔ခံယူထားတဲ့ လိင္ပိုင္းဆိုင္ရာေၾကာင့္ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်မှာ မုန်းတီးမှုကြောင့် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ မြင့်တက်နေ

၂၀၁၇ ခုနှစ်အတွင်း မုန်းတီးမှုကြောင့် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ဂျူး၊ အာရပ် အနွယ်ဝင် ဆီမိုက်တွေကို ဆန့်ကျင်ရေးကြောင့်က ၅၈ ဒသမ ၁၊ အစ္စလာမ်ကို မုန်းတီးမှုကြောင့် ကျူးလွန်မှုက ၁၈ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်လို့ FBI အချက်အလက်တွေက ဖော်ပြပါတယ်။

အမုန်းတရားကြောင့် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ အမေရိကန်မှာ ၂၀၁၇ ခုနှစ်အတွင်း ၁၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ မနှစ်တုန်းက အမုန်းတရားကြောင့် ကျူးလွန်တဲ့ ရာဇဝတ်မှု ၇၁၇၅ ခုမှာ ထက်ဝက်ကျော်က စော်ကားမော်ကားလုပ်တာ၊ ခြိမ်းခြောက်တာတွေ ဖြစ်ပြီး ၃ ထောင်ကျော်ကတော့ သူတို့ မုန်းတီးသူတွေရဲ့ ပစ္စည်းတွေကို ဖျက်ဆီးတာ၊ ဓားပြတိုက်တာတွေ ဖြစ်ကြပါတယ်။

ရာဇဝတ်မှု ကျူးလွန်ခံရသူရဲ့ ၅၉ ရာခိုင်နှုန်းဟာ သူတို့ရဲ့ လူမျိုး၊ တိုင်းရင်းသားနဲ့ မျိုးရိုးကြောင့် ဖြစ်ပါတယ်။ ၂၀ ရာခိုင်နှုန်းကတော့ ဘာသာရေးကြောင့်ဖြစ်ပြီး ၁၅ ရာခိုင်နှုန်းကတော့ သူတို့ခံယူထားတဲ့ လိင်ပိုင်းဆိုင်ရာကြောင့် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)