အစၥေရးပိုင္နက္ အတြင္းပိုင္းအထိ ဒံုးက်ည္ေတြ ပစ္မယ္လုိ႔ ဟားမတ္စ္အဖြဲ႔ ၿခိမ္းေျခာက္

0
1085

ဂါဇာကမ္းေျမာင္ေဒသမွာ ႏိုဝင္ဘာလ ၁၂ ရက္ေန႔က အစၥေရးတပ္ဖြဲ႔ေတြနဲ႔ ပါလက္စတုိင္း စစ္ေသြးၾကြေတြၾကား အျပန္အလွန္ တိုက္ခုိက္မႈ ျဖစ္ခဲ့ၿပီးေနာက္ ပါလက္စတုိင္း စစ္ေသြးၾကြ ဟားမတ္သ္ အဖြဲ႔က ဒံုးက်ည္ေတြကို အစၥေရးႏုိင္ငံပိုင္နက္ အတြင္းပိုင္းအထိ ပိုမုိေရာက္ရွိေအာင္ ပစ္ခတ္မယ္လုိ႔ ၿခိမ္းေျခာက္လုိက္ပါတယ္။

အစၥေရးက ဂါဇာကမ္းေျမာင္ေဒသကို ဆက္တုိက္ခုိက္ေနရင္ အစၥေရးရွိ အက္ေဒါ့ၿမိဳ႕နဲ႔ ဘီယာရွိဘာၿမိဳ႕တုိ႔ဟာ ဒံုးက်ည္နဲ႔တုိက္ခိုက္ဖို႔ ေနာက္ထပ္ ပစ္မွတ္ေတြ ျဖစ္လာမယ္လို႔ ဟားမတ္စ္ အဖြဲ႔က သတိေပးခဲ့ပါတယ္။ အစၥေရးေတြဟာ ႏိုဝင္ဘာ ၁၂ ရက္ေန႔က တုိက္ေလယာဥ္ေတြနဲ႔ ဂါဇာကမ္းေျမာင္ရွိ ပါလက္စတုိင္း ေနရာေတြကို ပစ္မွတ္ထား တုိက္ခုိက္ခဲ့လို႔ ပါလက္စတုိင္း ၆ ဦး ေသဆံုးခဲ့ရပါတယ္။

ပါလက္စတုိင္းတုိ႔ကလည္း တံု႔ျပန္မႈအျဖစ္ ဒံုးက်ည္ေတြနဲ႔ အစၥေရးႏိုင္ငံထဲကို ျပန္ပစ္ခတ္ခဲ့ရာ အိမ္မွာေနထုိင္ေနတဲ့ အစၥေရးတစ္ဦး ေသဆံုးခဲ့ရပါတယ္။ ဒါ့အျပင္ ပါလက္စတုိင္းေတြဟာ အစၥေရးစစ္သားေတြ ရွိေနတဲ့ စစ္ကားကိုလည္း ေဖာက္ခြဲခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အစ္စရေးပိုင်နက် အတွင်းပိုင်းအထိ ဒုံးကျည်တွေ ပစ်မယ်လို့ ဟားမတ်စ်အဖွဲ့ ခြိမ်းခြောက်

ဂါဇာကမ်းမြောင်ဒေသမှာ နိုဝင်ဘာလ ၁၂ ရက်နေ့က အစ္စရေးတပ်ဖွဲ့တွေနဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေကြား အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးနောက် ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်သ် အဖွဲ့က ဒုံးကျည်တွေကို အစ္စရေးနိုင်ငံပိုင်နက် အတွင်းပိုင်းအထိ ပိုမိုရောက်ရှိအောင် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ဆက်တိုက်ခိုက်နေရင် အစ္စရေးရှိ အက်ဒေါ့မြို့နဲ့ ဘီယာရှိဘာမြို့တို့ဟာ ဒုံးကျည်နဲ့တိုက်ခိုက်ဖို့ နောက်ထပ် ပစ်မှတ်တွေ ဖြစ်လာမယ်လို့ ဟားမတ်စ် အဖွဲ့က သတိပေးခဲ့ပါတယ်။ အစ္စရေးတွေဟာ နိုဝင်ဘာ ၁၂ ရက်နေ့က တိုက်လေယာဉ်တွေနဲ့ ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်း နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ ပါလက်စတိုင်း ၆ ဦး သေဆုံးခဲ့ရပါတယ်။

ပါလက်စတိုင်းတို့ကလည်း တုံ့ပြန်မှုအဖြစ် ဒုံးကျည်တွေနဲ့ အစ္စရေးနိုင်ငံထဲကို ပြန်ပစ်ခတ်ခဲ့ရာ အိမ်မှာနေထိုင်နေတဲ့ အစ္စရေးတစ်ဦး သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ပါလက်စတိုင်းတွေဟာ အစ္စရေးစစ်သားတွေ ရှိနေတဲ့ စစ်ကားကိုလည်း ဖောက်ခွဲခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)