ေဆာ္ဒီဆိုင္ရာ အေမရိကန္ သံအမတ္အျဖစ္ အဘီဇာအစ္ကို ထရမ့္ အဆိုျပဳ

0
828

ဂ်ာနယ္လစ္ ဂ်မယ္ ခါေရွာ့ဂီကို သတ္ျဖတ္မႈေၾကာင့္ ဖိအားေပးခံေနရတဲ့ ေဆာ္ဒီအာေရဗ် ႏိုင္ငံကို ေစလႊတ္မယ့္ အေမရိကန္ သံအမတ္အျဖစ္ ဂြ်န္ အဘီဇာအစ္ကို သမၼတ ေဒၚနယ္ ထရမ့္က အဆိုျပဳလိုက္ပါတယ္။

အဘီဇာအစ္ဟာ ခရစ္ယာန္ လက္ဘႏြန္မ်ိဳးႏြယ္က ဆင္းသက္လာၿပီး အာရဗီစကားကို ကြ်မ္းက်င္စြာ ေျပာႏိုင္ပါတယ္။ အေရွ႕အလယ္ပိုင္းဆိုင္ရာ တပ္မွဴးအျဖစ္လည္း တာဝန္ယူခဲ့ ဗိုလ္ခ်ဳပ္ရာထူးနဲ႔ အၿငိမ္းစားယူခဲ့ပါတယ္။ အခု အသက္ ၆၇ ႏွစ္ ရွိၿပီျဖစ္တဲ့ အဘီဇာအစ္ဟာ သူ႔ရဲ႕ မဟာဘြဲ႔ကို ေဆာ္ဒီအာေရဗ် ႏိုင္ငံအေၾကာင္း ေရးသားၿပီး ဟားဗတ္ တကၠသိုလ္က ရခဲ့ပါတယ္။

သူဟာ ကယ္လီဖိုးနီးယားမွာ ေမြးဖြားၿပီး ဝက္စ္ပြိဳင့္ အေမရိကန္ စစ္တကၠသိုလ္ကေန ဘြဲ႔ရခဲ့ပါတယ္။ ေဂ်ာ္ဒန္မွာ ေလ့လာဖို႔ ပညာသင္ဆုရရွိခဲ့ၿပီး အာရဗီစကားကိုလည္း ေျပာတတ္ခဲ့ပါတယ္။ ေဆာ္ဒီအာေရဗ်ရွိ အေမရိကန္ သံ႐ံုးမွာ သံအမတ္မရွိတာ ၂ ႏွစ္ၾကာၿပီ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆော်ဒီဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် အဘီဇာအစ်ကို ထရမ့် အဆိုပြု

ဂျာနယ်လစ် ဂျမယ် ခါရှော့ဂီကို သတ်ဖြတ်မှုကြောင့် ဖိအားပေးခံနေရတဲ့ ဆော်ဒီအာရေဗျ နိုင်ငံကို စေလွှတ်မယ့် အမေရိကန် သံအမတ်အဖြစ် ဂျွန် အဘီဇာအစ်ကို သမ္မတ ဒေါ်နယ် ထရမ့်က အဆိုပြုလိုက်ပါတယ်။

အဘီဇာအစ်ဟာ ခရစ်ယာန် လက်ဘနွန်မျိုးနွယ်က ဆင်းသက်လာပြီး အာရဗီစကားကို ကျွမ်းကျင်စွာ ပြောနိုင်ပါတယ်။ အရှေ့အလယ်ပိုင်းဆိုင်ရာ တပ်မှူးအဖြစ်လည်း တာဝန်ယူခဲ့ ဗိုလ်ချုပ်ရာထူးနဲ့ အငြိမ်းစားယူခဲ့ပါတယ်။ အခု အသက် ၆၇ နှစ် ရှိပြီဖြစ်တဲ့ အဘီဇာအစ်ဟာ သူ့ရဲ့ မဟာဘွဲ့ကို ဆော်ဒီအာရေဗျ နိုင်ငံအကြောင်း ရေးသားပြီး ဟားဗတ် တက္ကသိုလ်က ရခဲ့ပါတယ်။

သူဟာ ကယ်လီဖိုးနီးယားမှာ မွေးဖွားပြီး ဝက်စ်ပွိုင့် အမေရိကန် စစ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်။ ဂျော်ဒန်မှာ လေ့လာဖို့ ပညာသင်ဆုရရှိခဲ့ပြီး အာရဗီစကားကိုလည်း ပြောတတ်ခဲ့ပါတယ်။ ဆော်ဒီအာရေဗျရှိ အမေရိကန် သံရုံးမှာ သံအမတ်မရှိတာ ၂ နှစ်ကြာပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)