ေတာင္ကိုရီးယားမွာ သူနာျပဳေတြကို ကျပေဖ်ာ္ေျဖခိုင္းလို႔ စံုစမ္းစစ္ေဆးခံေနရ

0
393

ေတာင္ကိုရီးယားႏုိင္ငံက ေဆး႐ံုတစ္႐ံုဟာ သူနာျပဳေတြကို ကုမၸဏီ အခမ္းအနားတစ္ခုမွာ အတင္းအၾကပ္ ဆက္စီအက ကျပေဖ်ာ္ေျဖခိုင္းတဲ့ ဗီဒီယိုဖုိင္ လူမႈကြန္ရက္ေပၚမွာ ပ်ံ႔ႏွံ႔လာၿပီးေနာက္ စံုစမ္းစစ္ေဆးခံေနရပါတယ္။

ခြ်န္ခ်ီယြန္ၿမိဳ႕၊ ေဟာ္လင္ တကၠသိုလ္ရွိ Sacred Heart ေဆး႐ံုမွာ ျဖစ္ပြားခဲ့တဲ့ အဲဒီကိစၥကို စံုစမ္စစ္ေဆး ေဖာ္ထုတ္ေပးဖို႔ ကိုရီးယား သူနာျပဳ အသင္းက ႏိုဝင္ဘာ ၁၃ ရက္ေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။ သူနာျပဳေတြရဲ႕ ကိုယ့္ကိုယ္ကိုနဲ႔ သက္ေမြဝမ္းေက်ာင္း အလုပ္အေပၚ ေလးစားမႈကို အႀကီးအက်ယ္ စိန္ေခၚလိုက္တာ ျဖစ္တယ္လို႔ သူနာျပဳအသင္းရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

သူနာျပဳေတြဟာ လုပ္ငန္းခြင္မွာ အလုပ္ပိတဲ့ဒဏ္၊ လခနည္းတဲ့ ဒဏ္၊ မၾကာခန အခ်ိန္ပိုဆင္းရတဲ့ဒဏ္ကို တာဝန္နဲ႔ သက္ေမြးဝမ္းေၾကာင္းမႈ သေဘာအရ သည္းခံေနရေၾကာင္း၊ အခု အကခိုင္းတဲ့ ကိစၥမွာဆိုရင္ သိကၡာခ်တာ ျဖစ္ၿပီး သူနာျပဳေတြကို ေစာ္ကားတာ ျဖစ္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ဥပေဒေၾကာင္းအရ အေရးယူလို႔ ရတယ္ဆိုရင္ ေဆး႐ံုတာဝန္ရွိသူေတြကို ဆင့္ေခၚမယ္လို႔ ကိုရီးယား အလုပ္သမားေရးဝန္ႀကီးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယားမှာ သူနာပြုတွေကို ကပြဖျော်ဖြေခိုင်းလို့ စုံစမ်းစစ်ဆေးခံနေရ

တောင်ကိုရီးယားနိုင်ငံက ဆေးရုံတစ်ရုံဟာ သူနာပြုတွေကို ကုမ္ပဏီ အခမ်းအနားတစ်ခုမှာ အတင်းအကြပ် ဆက်စီအက ကပြဖျော်ဖြေခိုင်းတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပြီးနောက် စုံစမ်းစစ်ဆေးခံနေရပါတယ်။

ချွန်ချီယွန်မြို့၊ ဟော်လင် တက္ကသိုလ်ရှိ Sacred Heart ဆေးရုံမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီကိစ္စကို စုံစမ်စစ်ဆေး ဖော်ထုတ်ပေးဖို့ ကိုရီးယား သူနာပြု အသင်းက နိုဝင်ဘာ ၁၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ သူနာပြုတွေရဲ့ ကိုယ့်ကိုယ်ကိုနဲ့ သက်မွေဝမ်းကျောင်း အလုပ်အပေါ် လေးစားမှုကို အကြီးအကျယ် စိန်ခေါ်လိုက်တာ ဖြစ်တယ်လို့ သူနာပြုအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူနာပြုတွေဟာ လုပ်ငန်းခွင်မှာ အလုပ်ပိတဲ့ဒဏ်၊ လခနည်းတဲ့ ဒဏ်၊ မကြာခန အချိန်ပိုဆင်းရတဲ့ဒဏ်ကို တာဝန်နဲ့ သက်မွေးဝမ်းကြောင်းမှု သဘောအရ သည်းခံနေရကြောင်း၊ အခု အကခိုင်းတဲ့ ကိစ္စမှာဆိုရင် သိက္ခာချတာ ဖြစ်ပြီး သူနာပြုတွေကို စော်ကားတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဥပဒေကြောင်းအရ အရေးယူလို့ ရတယ်ဆိုရင် ဆေးရုံတာဝန်ရှိသူတွေကို ဆင့်ခေါ်မယ်လို့ ကိုရီးယား အလုပ်သမားရေးဝန်ကြီးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)