
0
336


  




ဖိလစ်ပိုင်သ မ္မတ ဟာ ကမ္ဘာရေးရာ ကိစ္စတွေ ဟာ ရုရှား၊ တရုတ်တို့ နဲ့ ရင်နှီးမှုပိုရှိတာကြောင့် သမ္မတ ဒူတာတေးကို  စီအိုင်အေ က       လုပ်ကြံဖို့ နဲ့ဖြုတ်ချဖို့ စီစဉ်နေတယ်လို့  ပြောခဲ့ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စီအိုင်အေ အဖွဲ့ က သူကို လုပ်ကြံဖို့ ကြံစည်နေတယ်လို့ ဖိလစ်ပိုင် သမ္မတ ပြော

ဖိလစ်ပိုင် သမ္မတ ဒူတာတေး က အမေရိကန် ပြည်ပရေးရာထောက်လှမ်းရေးအဖွဲ့ စီအိုင်အေ ဟာ သူကို လုပ်ကြံဖို့ ကြံစည်မှုတွေရှိနေပြီး သူရုတ်တရက်သေဆုံးခဲ့မယ်ဆိုပါက စီအိုင်အေ တာဝန်ယူရမယ်လို့ ပြောလိုက်ပါတယ်။

ဒူတာတေးက သူ သာ ရုတ်တရက်သေဆုံးခဲ့မယ်ဆိုရင် အဲဒီသေဆုံးမှုနောက်ကွယ်မှာ စီအိုင်အေ ပါဝင်နေတယ်ဆိုတာ ဖိလစ်ပိုင် ပြည်သူတွေကို သိစေလိုပါတယ်။

သူအနေနဲ့ စီအိုင်အေတွေကို ဖိလစ်ပိုင်နိုင်ငံထဲကနေ မောင်းထုတ်သွားမှာဖြစ်တယ်လို့ ဖိလစ်ပိုင် သမ္မတကပြောခဲ့ပါတယ်။
ဖိလစ်ပိုင် သမ္မတ ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း စီအိုင်အေ ဟာသူကိုလုပ်ကြံဖို့ ကြံစည်နေတယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။

ဖိလစ်ပိုင်သ မ္မတ ဟာ ကမ္ဘာရေးရာ ကိစ္စတွေ ဟာ ရုရှား၊ တရုတ်တို့ နဲ့ ရင်နှီးမှုပိုရှိတာကြောင့် သမ္မတ ဒူတာတေးကို စီအိုင်အေ က လုပ်ကြံဖို့ နဲဲ့ဖြုတ်ချဖို့ စီစဉ်နေတယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)