ႏိုက္ဂ်ာမွာ ဝမ္းေရာဂါ ျဖစ္ပြားမႈ ၅၅ ဦးေသဆံုး

0
182

ႏိုက္ဂ်ာႏိုင္ငံမွာ ဇူလိုင္လ အေစာပိုင္းကစၿပီး ဝမ္းေရာဂါ ျဖစ္ပြားေနမႈေၾကာင့္ ေသဆံုးသူ ၅၅ ဦး ရွိသြားၿပီလို႔ ကုလသမဂၢ ေအဂ်င္စီက ေျပာပါတယ္။

ဇူလိုင္ ၅ ရက္ကေန စက္တင္ဘာ ၁၀ ရက္ေန႔အထိ ဝမ္းေရာဂါ ျဖစ္ပြားမႈ ၂၇၅၂ ခု ရွိၿပီး ေစာင့္ၾကည့္ေနရကာ ၅၅ ဦး ေသဆံုးခဲ့ၿပီးျဖစ္တယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈဆုိင္ရာ ညႇိႏႈိင္းေဆာင္ရြက္ေရးအဖြဲ႔ (OCHA) က ေျပာပါတယ္။

ဝမ္းေရာဂါ စတင္ျဖစ္ပြားရာေဒသ မာရာဒီ ေဒသျဖစ္ၿပီး အဲဒီ ေဒသမွာ ဝမ္းေရာဂါ ျဖစ္ပြားမႈ ၉၈ ခု ရွိပါတယ္။ ဝမ္းေရာဂါဟာ ဒက္ဆို၊ တာဟိုအူနဲ႔ ဇင္ဒါ ေဒသေတြကို ျပန္႔ပြားကူးစက္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုက်ဂျာမှာ ဝမ်းရောဂါ ဖြစ်ပွားမှု ၅၅ ဦးသေဆုံး

နိုက်ဂျာနိုင်ငံမှာ ဇူလိုင်လ အစောပိုင်းကစပြီး ဝမ်းရောဂါ ဖြစ်ပွားနေမှုကြောင့် သေဆုံးသူ ၅၅ ဦး ရှိသွားပြီလို့ ကုလသမဂ္ဂ အေဂျင်စီက ပြောပါတယ်။

ဇူလိုင် ၅ ရက်ကနေ စက်တင်ဘာ ၁၀ ရက်နေ့အထိ ဝမ်းရောဂါ ဖြစ်ပွားမှု ၂၇၅၂ ခု ရှိပြီး စောင့်ကြည့်နေရကာ ၅၅ ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (OCHA) က ပြောပါတယ်။

ဝမ်းရောဂါ စတင်ဖြစ်ပွားရာဒေသ မာရာဒီ ဒေသဖြစ်ပြီး အဲဒီ ဒေသမှာ ဝမ်းရောဂါ ဖြစ်ပွားမှု ၉၈ ခု ရှိပါတယ်။ ဝမ်းရောဂါဟာ ဒက်ဆို၊ တာဟိုအူနဲ့ ဇင်ဒါ ဒေသတွေကို ပြန့်ပွားကူးစက်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)