ပလတ္စတစ္သံုး ေပါင္ ၁၀ တန္ ေငြသစ္ ထုတ္ေဝ

0
360

ေပၚလီမာ ပလတ္စတစ္နဲ႔ လုပ္ထားတဲ့ ေပါင္ ၁၀ တန္ ပလတ္စတစ္ေငြကို အဂၤလန္ ဗဟိုဘဏ္က စတင္ထုတ္ေဝလိုက္ၿပီ ျဖစ္ပါတယ္။

ေပါင္ ၁၀ တန္ ေပၚလီမာ ပလတ္စတစ္ေငြကို ၁ ဘီလီယံဖိုး ႐ိုက္ႏွိပ္ထားၿပီး လာမယ့္ သီတင္းပတ္အတြင္း ေငြေၾကးေစ်းကြက္အတြင္း စတင္လည္ပတ္မွာ ျဖစ္ပါတယ္။

မ်က္စိသိပ္မေကာင္းသူေတြရဲ႕ အခက္အခဲကိုလည္း ေျဖရွင္းေပးမယ့္စနစ္ ထည့္သြင္းထားတဲ့ အဂၤလန္ ဗဟိုဘဏ္ထုတ္ ပထမဆံုး ေငြလည္း ျဖစ္လာပါလိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ပလတ္စတစ္ ေငြရဲ႕ ဘယ္ဘက္ေထာင့္မွာ အမ်ိဳးအစားခြဲျခား ႏိုင္ဖို႔ အစက္ကေလးေတြ ပါလို႔ ျဖစ္ပါတယ္။

လက္ရွိ ေစ်းကြက္ထဲမွာ လည္ပတ္ေနတဲ့ ေပါင္ ၁၀ တန္ ေငြစကၠဴေတြကို ၂၀၁၈ ခုႏွစ္ ေႏြဦးအထိ ဆက္လက္သံုးစြဲႏိုင္မွာ ျဖစ္ပါတယ္။     စကၠဴနဲ႔ လုပ္တဲ့ ေပါင္ ၁၀ တန္ေငြစကၠဴေတြ အၿပီးသတ္ ႐ုပ္သိမ္းမယ့္ ရက္ကိုေတာ့ ၃ လ ႀကိဳတင္ အေၾကာင္းၾကားမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပလတ်စတစ်သုံး ပေါင် ၁၀ တန် ငွေသစ် ထုတ်ဝေ

ပေါ်လီမာ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ပေါင် ၁၀ တန် ပလတ်စတစ်ငွေကို အင်္ဂလန် ဗဟိုဘဏ်က စတင်ထုတ်ဝေလိုက်ပြီ ဖြစ်ပါတယ်။

ပေါင် ၁၀ တန် ပေါ်လီမာ ပလတ်စတစ်ငွေကို ၁ ဘီလီယံဖိုး ရိုက်နှိပ်ထားပြီး လာမယ့် သီတင်းပတ်အတွင်း ငွေကြေးဈေးကွက်အတွင်း စတင်လည်ပတ်မှာ ဖြစ်ပါတယ်။

မျက်စိသိပ်မကောင်းသူတွေရဲ့ အခက်အခဲကိုလည်း ဖြေရှင်းပေးမယ့်စနစ် ထည့်သွင်းထားတဲ့ အင်္ဂလန် ဗဟိုဘဏ်ထုတ် ပထမဆုံး ငွေလည်း ဖြစ်လာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပလတ်စတစ် ငွေရဲ့ ဘယ်ဘက်ထောင့်မှာ အမျိုးအစားခွဲခြား နိုင်ဖို့ အစက်ကလေးတွေ ပါလို့ ဖြစ်ပါတယ်။

လက်ရှိ ဈေးကွက်ထဲမှာ လည်ပတ်နေတဲ့ ပေါင် ၁၀ တန် ငွေစက္ကူတွေကို ၂၀၁၈ ခုနှစ် နွေဦးအထိ ဆက်လက်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ စက္ကူနဲ့ လုပ်တဲ့ ပေါင် ၁၀ တန်ငွေစက္ကူတွေ အပြီးသတ် ရုပ်သိမ်းမယ့် ရက်ကိုတော့ ၃ လ ကြိုတင် အကြောင်းကြားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)