0
261
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ပြန်ပေးဆွဲခံရတဲ့ နိုင်ဂျီးရီးယားကျောင်းသူတွေ အိမ်ပြန်ဖို့ပြင်ဆင်
နိုင်ဂျီးရီးယားအမျိုးသမီးရေးရာ ဝန်ကြီးဌာနနဲ့ လူမှုဖွံ့ဖြိုးမှုတိုးတက်ရေးဦးစီးဌာနက စက်တင်ဘာလ ၁၃ ရက်နေ့က ဘိုကိုဟာရမ်တပ်ဖွဲ့တွေရဲ့ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသူတွေအတွက် ညစာစားပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဘိုကိုဟာရမ် အကြမ်းဖက်သမားတွေဟာ ၂၀၁၄ ခုနှစ်တုန်းက Chibok မြို့ရဲ့ ကျောင်းက ကျောင်းသူ ၁၆၀ ကို ပြန်ပေးဆွဲခဲ့တာပါ။အဲ့ဒီပြန်ပေးဆွဲခံထားရတဲ့ အမျိုးသမီးတွေ ဟာ အစိုးရရဲ့ ကျန်းမာ ရေး စောင့် ရှောက်မှုတွေနဲ့ စိတ်ပိ်ုင်းဆိုင်ရာကုသပေးမှုတွေကိုခံယူနေရတာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တော့ သူတို့ရဲ့ နေရပ်ကို ပြန်နိုင်ဖို့ မိသားစုဝင်တွေနဲ့ ချိတ်ဆက်ပေးခဲ့တာပါ။
ဘိုကိုဟာရမ်တပ်ဖွဲ့တွေ ပြန်ပေးဆွဲထားခဲ့တဲ့ အမျိုးသမီး ၂၇၀ နီးပါး ရှိပြီး ဒီနှစ် မေလအတွင်းမှာပဲ ၈၂ ယောက်ကိုပြန်လွှတ်ပေးခဲ့ပါတယ်။အစ္စလာမ်မစ်စစ်သွေးကြွဘိုကိုဟာရမ်အဖွဲ့ဟာနိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းကို သူတို့ရဲ့ အစ္စလာမ်မစ်နေရာအဖြစ် ဖန်တီးရယူနေပြီး ၇ နှစ်အတွင်း ဒေသခံ လူပေါင်း ၂ သန်းလောက် ထွက်ပြေးခဲ့ရပြီး ၁၅၀ဝ၀ လောက်ကို သတ်ခဲ့ပြီလည်း ဖြစ်ပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)