လံုၿခံဳေရးအေၾကာင္းျပခ်က္နဲ႔ တ႐ုတ္ကို ေဒၚလာ ၁ ဘီလီယံေက်ာ္ဖိုး ေရာင္းခ်မယ့္ နည္းပညာ ကုမၸဏီကို ပိတ္ပင္

0
309

အေမရိကန္ အေျခစိုက္ ကုမၸဏီျဖစ္တဲ့ လက္တစ္ ဆီမီးကြန္ဒတ္တာ ေကာ္ပိုေရးရွင္းကေန တ႐ုတ္ ပုဂၢလိက ကုမၸဏီျဖစ္တဲ့                   ကင္ညြန္ ဘ႐ိုက္ ကက္ပီတယ္ ပါတနာက အေမရိကန္ ေဒၚလာ ၁ ဒႆမ ၃ ဘီလီယံဖိုး နည္းပညာသံုး ပစၥည္းေတြ ဝယ္ယူမယ့္ကိစၥကို သမၼတ ေဒၚနယ္ ထရမ့္က ႏိုင္ငံေတာ္ လံုၿခံဳေရး အေၾကာင္းျပခ်က္နဲ႔ တားျမစ္လိုက္ပါတယ္။

သမၼတ ထရမ့္က ၁၉၅၀ ကာကြယ္ေရး ပစၥည္း ထုတ္လုပ္ေရး အက္ဥပေဒကို ဆြဲကိုင္ၿပီး အမိန္႔ေပး တားျမစ္လိုက္တာ ျဖစ္ပါတယ္။

ကင္ညြန္ ဘရိုက္ ကုမၸဏီအေနနဲ႔ အႀကံျပဳထားတဲ့ လႊဲေျပာင္းရယူေရး ကိစၥေတြကို အျပည့္အဝနဲ႔ ယတိျပတ္ စြန္႔လႊတ္ဖို႔ လုိအပ္တဲ့         ကိစၥမွန္သမွ် လုပ္ေဆာင္ရမယ္လို႔ သမၼတ ထရမ့္က ညႊန္ၾကားလိုက္ၿပီး အဲဒါေတြ လုပ္ေဆာင္ဖို႔ ရက္ ၃၀ အခ်ိန္ သတ္မွတ္ေပးလိုက္ပါတယ္္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လုံခြုံရေးအကြောင်းပြချက်နဲ့ တရုတ်ကို ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး ရောင်းချမယ့် နည်းပညာ ကုမ္ပဏီကို ပိတ်ပင်

အမေရိကန် အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ လက်တစ် ဆီမီးကွန်ဒတ်တာ ကော်ပိုရေးရှင်းကနေ တရုတ် ပုဂ္ဂလိက ကုမ္ပဏီဖြစ်တဲ့ ကင်ညွန် ဘရိုက် ကက်ပီတယ် ပါတနာက အမေရိကန် ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံဖိုး နည်းပညာသုံး ပစ္စည်းတွေ ဝယ်ယူမယ့်ကိစ္စကို သမ္မတ ဒေါ်နယ် ထရမ့်က နိုင်ငံတော် လုံခြုံရေး အကြောင်းပြချက်နဲ့ တားမြစ်လိုက်ပါတယ်။

သမ္မတ ထရမ့်က ၁၉၅၀ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အက်ဥပဒေကို ဆွဲကိုင်ပြီး အမိန့်ပေး တားမြစ်လိုက်တာ ဖြစ်ပါတယ်။

ကင်ညွန် ဘရိုက် ကုမ္ပဏီအနေနဲ့ အကြံပြုထားတဲ့ လွှဲပြောင်းရယူရေး ကိစ္စတွေကို အပြည့်အဝနဲ့ ယတိပြတ် စွန့်လွှတ်ဖို့ လိုအပ်တဲ့ ကိစ္စမှန်သမျှ လုပ်ဆောင်ရမယ်လို့ သမ္မတ ထရမ့်က ညွှန်ကြားလိုက်ပြီး အဲဒါတွေ လုပ်ဆောင်ဖို့ ရက် ၃၀ အချိန် သတ်မှတ်ပေးလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)