ဥေရာပမွာ ကိုယ္ဝန္ေဆာင္စဥ္ အရက္ေသာက္တဲ့ အမ်ိဳးသမီး ဘယ္ႏွရာခိုင္ႏႈန္း ရွိသလဲ

0
401

အဂၤလန္ႏို္င္ငံရွိ ဘရစ္စတိုးလ္ တကၠသိုလ္ရဲ႕ ေလ့လာမႈ တစ္ရပ္က ဥေရာပႏိုင္ငံေတြမွာ ကိုယ္ဝန္ေဆာင္စဥ္ အရက္ေသာက္တဲ့               အမ်ိဳးသမီး ဘယ္ႏွရာခိုင္ႏႈန္း ရွိသလဲဆိုတာကို ေလ့လာခဲ့ပါတယ္။

ကိုယ္ဝန္ေဆာင္ထားစဥ္မွာ အရက္ အနည္းငယ္ႏႈန္း ေသာက္တာဟာ သေႏၶသားအေပၚ ထိခိုက္ေစတယ္ဆိုတဲ့ အေထာက္အထား နည္းနည္းပဲ ေတြ႔ရတယ္လုိ႔ သုေတသန စစ္တမ္းက ဆိုပါတယ္။

ကိုယ္ဝန္ေဆာင္စဥ္ အရက္ေသာက္တဲ့ အမ်ိဳးသမီး အျမင့္ဆံုးရွိတဲ့ ဥေရာပ ႏိုင္ငံေတြကေတာ့ ၿဗိတိန္ ၂၈ ဒသမ ၅ ရာခိုင္ႏႈန္း၊ ႐ုရွား ၂၆ ဒႆမ ၅ ရာခိုင္ႏႈန္း၊ ဆြစ္ဇာလန္ ၂၀ ဒႆမ ၉ ရာခိုင္ႏႈန္းတို႔ ျဖစ္ပါတယ္။

ဥေရာပမွာ ကိုယ္ဝန္ေဆာင္စဥ္ အရက္ေသာက္မႈ အနည္းဆံုးႏိုင္ငံေတြကေတာ့ ပိုလန္ ၉ ဒသမ ၇ ရာခိုင္ႏႈန္း၊ ဆြီဒင္ ၇ ဒသမ ၂ ရာခိုင္ႏႈန္းနဲ႔ ေနာ္ေဝ ၄ ဒသမ ၁ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဥရောပမှာ ကိုယ်ဝန်ဆောင်စဉ် အရက်သောက်တဲ့ အမျိုးသမီး ဘယ်နှရာခိုင်နှုန်း ရှိသလဲ

အင်္ဂလန်နိ်ုင်ငံရှိ ဘရစ်စတိုးလ် တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ရပ်က ဥရောပနိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်စဉ် အရက်သောက်တဲ့ အမျိုးသမီး ဘယ်နှရာခိုင်နှုန်း ရှိသလဲဆိုတာကို လေ့လာခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်ထားစဉ်မှာ အရက် အနည်းငယ်နှုန်း သောက်တာဟာ သန္ဓေသားအပေါ် ထိခိုက်စေတယ်ဆိုတဲ့ အထောက်အထား နည်းနည်းပဲ တွေ့ရတယ်လို့ သုတေသန စစ်တမ်းက ဆိုပါတယ်။

ကိုယ်ဝန်ဆောင်စဉ် အရက်သောက်တဲ့ အမျိုးသမီး အမြင့်ဆုံးရှိတဲ့ ဥရောပ နိုင်ငံတွေကတော့ ဗြိတိန် ၂၈ ဒသမ ၅ ရာခိုင်နှုန်း၊ ရုရှား ၂၆ ဒဿမ ၅ ရာခိုင်နှုန်း၊ ဆွစ်ဇာလန် ၂၀ ဒဿမ ၉ ရာခိုင်နှုန်းတို့ ဖြစ်ပါတယ်။

ဥရောပမှာ ကိုယ်ဝန်ဆောင်စဉ် အရက်သောက်မှု အနည်းဆုံးနိုင်ငံတွေကတော့ ပိုလန် ၉ ဒသမ ၇ ရာခိုင်နှုန်း၊ ဆွီဒင် ၇ ဒသမ ၂ ရာခိုင်နှုန်းနဲ့ နော်ဝေ ၄ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)