ေျမာက္ကိုရီးယားက ေနာက္ထပ္ ႏ်ဴကလီးယား စမ္းသပ္ဖို႔ ျပင္ေန

0
312

ေနာက္ဆံုးစမ္းသပ္ခဲ့တဲ့ ႏ်ဴကလီးယား အေရးေၾကာင့္ ပိတ္ဆို႔အေရးယူမႈ အသစ္ေတြ ထပ္လုပ္ထားတာကို မၿဖံဳဘူးဆိုတဲ့သေဘာနဲ႔ ေျမာက္ကိုရီးယားက ေနာက္ထပ္ ႏ်ဴကလီးယား စမ္းသပ္မႈတစ္ခု ထပ္လုပ္ဖို႔ ျပင္ဆင္ေနတယ္လို႔ ၿဂိဳဟ္တုသတင္းဓာတ္ပံုေတြက                   ေဖာ္ျပပါတယ္။

စက္တင္ဘာ ၃ ရက္ေန႔မွာ ေျမာက္ကိုရီးယားက ဟိုက္ဒ႐ိုဂ်င္ဗံုးကို စမ္းသပ္ေဖာက္ခြဲၿပီးေနာက္ စမ္းသပ္ေရး ပစၥည္းေတြ တင္ေဆာင္ထားတဲ့ ကုန္တင္ကားေတြ ေရႊ႕ေျပာင္းေနၾကတာကို ၿဂိဳဟ္တုက ပံုေတြမွာ ေတြ႔ျမင္ေနရတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဖာက္ခြဲစမ္းသပ္မႈေၾကာင့္ ပြန္ေဂ်ရီ စမ္းသပ္ဧရိယာမွာ အပ်က္အစီး ဆိုးရြားကာ ထပ္မံစမ္းသပ္ဖို႔ မသင့္ေလ်ာ္တာေၾကာင့္ ေနရာသစ္ကို ေျပာင္းေရႊ႕စမ္းသပ္ဖို႔ ျပင္ေနတာလို႔ ေလ့လာသံုးသပ္သူေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားက နောက်ထပ် နျူကလီးယား စမ်းသပ်ဖို့ ပြင်နေ

နောက်ဆုံးစမ်းသပ်ခဲ့တဲ့ နျူကလီးယား အရေးကြောင့် ပိတ်ဆို့အရေးယူမှု အသစ်တွေ ထပ်လုပ်ထားတာကို မဖြုံဘူးဆိုတဲ့သဘောနဲ့ မြောက်ကိုရီးယားက နောက်ထပ် နျူကလီးယား စမ်းသပ်မှုတစ်ခု ထပ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဂြိုဟ်တုသတင်းဓာတ်ပုံတွေက ဖော်ပြပါတယ်။

စက်တင်ဘာ ၃ ရက်နေ့မှာ မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံးကို စမ်းသပ်ဖောက်ခွဲပြီးနောက် စမ်းသပ်ရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကုန်တင်ကားတွေ ရွှေ့ပြောင်းနေကြတာကို ဂြိုဟ်တုက ပုံတွေမှာ တွေ့မြင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖောက်ခွဲစမ်းသပ်မှုကြောင့် ပွန်ဂျေရီ စမ်းသပ်ဧရိယာမှာ အပျက်အစီး ဆိုးရွားကာ ထပ်မံစမ်းသပ်ဖို့ မသင့်လျော်တာကြောင့် နေရာသစ်ကို ပြောင်းရွှေ့စမ်းသပ်ဖို့ ပြင်နေတာလို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)