အာဆင်နယ်၊ ချဲလ်ဆီးတို့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ရာသီသစ် ပွဲစဉ် ဇယားကြေညာ

0
295

၂၀၁၇-၁၈ ပရီးမီယားလိဂ် ဘောလုံးရာသီအတွက် ပွဲစဉ်ဇယား ရေးဆွဲမှုကို ထုတ်ပြန်လိုက်ရာ လက်ရှိချိန်ပီယံ ချဲလ်ဆီးအသင်းဟာ သြဂုတ် ၁၂ ရက်နေ့မှာ ဘန်လေအသင်းနဲ့ ပွဲဦးထွက် ကစားရမှာဖြစ်ပါတယ်။

ပရီးမီယားလိဂ် ပြိုင်ပွဲကို သြဂုတ် ၁၂ ရက်နေ့မှာ စတင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး နယူးကာဆယ်၊ ဘရိုက်တန်၊ ဟတ်ဒါဖီးတို့ တန်းတက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ ဟတ်ဒါဖီးတို့ဟာ ပရီးမီယားလိဂ် အမှတ်ပေးပြိုင်ပွဲကို ပထမဆုံး ယှဉ်ပြိုင်ခွင့်ရတာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အိမ်ကွင်းမှာ လက်စတာ စီးတီးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နာမည်ကြီး မန်ယူကတော့ ဝက်ဟမ်းအသင်းနဲ့ အဝေးကွင်းမှာ ကစားရမှာဖြစ်ပါတယ်။

မန်စီးတီးအသင်းက တန်းတက်ဘရိုက်တန် အသင်းနဲ့ အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ လီဗားပူအသင်းဟာ ၀က်ဖိုဒ့်ကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ၂၀၁၈ ခုနှစ် မေလ ၁၂ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ ရာသီသစ် ပြိုင်ပွဲဟာ ပြီးခဲ့တဲ့နှစ်တွေကထက် အသင်းတွေကြား ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာဖွယ် ရှိတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)