ကြီးမားပြီး ပျံသန်းနိုင်တဲ့ ကြက်ဆင်တွေ တစ်ချိန်က သြစတေးလျမှာ ကျက်စားခဲ့

0
322

သားပိုက်ကောင်အရွယ်အစားလောက်ရှိပြီး ပျံသန်းနိုင်တဲ့ကြက်ဆင်တွေ တစ်ချိန်က သြစတေးလျနိုင်ငံမှာ ကျက်စားခဲ့ကြကြောင်း ပညာရှင်တွေက ဒီကနေ့ပြောကြားလိုက်ပါတယ်။

မျိုးသုန်းသွားပြီဖြစ်တဲ့ ငှက်မျိုးစိတ်ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းနဲ့ အရိုးတွေကို သြစတေးလျနိုင်ငံမှာတွေ့ရှိခဲ့ပြီးနောက်မှာ သုတေသနပြုခဲ့တဲ့ ပညာရှင်တွေက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အဆိုပါကြက်ဆင်ကြီးတွေဟာ ဒီနေ့မြင်တွေ့နေရတဲ့ ကြက်ဆင်တွေနဲ့ မျိုးရင်းတစ်ခုတည်းဖြစ်ကြောင်း သြစတေးလျနိုင်ငံတောင် ပိုင်းဒေသရှိ ဖရင်းဒါးတက္ကသိုလ်က ပညာရှင်အဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းကနေ ၁.၆ သန်း ကာလအတွင်း အဆိုပါကြက်ဆင်ကြီးတွေ ရှင်သန်ကျက်စားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ သူတို့ဟာ သြစတေးလျတိုက်ရဲ့အခြားရှေးဟောင်းသတ္တ၀ါတွေဖြစ်တဲ့ ဒိုင်ပရိုတိုဒွန်၊ မာဆူပီးလ်ခြင်္သေနဲ့ မျက်နှာတို သားပိုက်ကောင်တွေနဲ့အတူ ရှင်သန်ခဲ့ကြတာ ဖြစ်ပါတယ်။

၁၈၈၀ ပြည့်နှစ်တွေက တွေ့ရှိခဲ့တဲ့ အဆိုပါကျောက်ဖြစ်ရုပ်ကြွင်းနဲ့ အရိုးတွေကို သိပ္ပံပညာရှင်တွေက ရှေးဟောင်းငှက်တစ်မျိုးတည်းကိုပဲ ကိုယ်စားပြုတယ်လို့ ယူဆခဲ့ကြပါတယ်။

ဒါပေမဲ့ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ စစ်ဆေးမှုတွေအရ ငှက်မျိုးစိတ်ငါးမျိုးကို ကိုယ်စားပြုကြောင်း ဖော်ထုတ်သိရှိခဲ့ရပါတယ်။ အဆိုပါ ငှက်မျိုးစိတ်တွေထဲမှာ ၁၇ ပေါင်အထိရှိပြီး မီးခိုးရောင်သားပိုက်ကောင်ထက် အရပ်ပိုမြင့်တဲ့ ကြက်ဆင်မျိုးစိတ်ကို ပညာရှင် တွေက တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ဟာ လက်ရှိကြက်ဆင်တွေထက် လေးဆပိုကြီးမားပြီး ၄ပေ ၃လက်မအထိ မြင့်မားနိုင် ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)