ရေကြီး မြေပြိုမှုတွေကြောင့် ဘင်္ဂလားဒေရှ့်မှာ သေဆုံးသူ ၁၅၀ နီးပါးရှိလာ

0
221

ဘင်္ဂလားဒေရှ့်နိုင်ငံ၊ အရှေ့တောင်ပိုင်းမှာ ရေကြီး မြေပြိုမှုတွေ ဖြစ်ခဲ့တာကြောင့် လူပေါင်း ၁၅၀ နီးပါး သေဆုံးခဲ့ပါတယ်။

ရမ်ဂမ်မာတီဒေသ အုပ်ချုပ်ရေး တာဝန်ရှိသူက မြေပြိုမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ စစ်သားတွေ အပါအ၀င် လူရာချီသေဆုံးခဲ့တယ်လို့ ပြောပါတယ်၊၊

လက်ရှိအချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေလည်း ရာသီဥတု ဆိုးရွားမှုကြောင့် ကယ်ဆယ်ရေးကို ခက်ခဲစွာ လုပ်ကိုင်နေရပါတယ်။

ဒါ့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်နေပါတယ်။ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန အကြီးအကဲ ရိစ့်အာမက်က မိုးသည်းထန်စွာ ရွာသွန်းနေလို့ ရေကြီးမြေပြိုနေတဲ့ နေရာတွေဆီ သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ခြင်း မရှိဘူးလို့ ပြောပါတယ်။

မိုးရွာသွန်းမှု ရပ်သွားချိန်မှသာ ရေကြီးမြေပြိုခဲ့တဲ့ တချို့နေရာတွေဆီ သွားရောက် နိုင်မယ်လို့ အာမက်က ပြောပါတယ်။

ရေကြီး မြေပြိုမှုတွေနဲ့ အတူ အိမ်တွေပါ ပြိုကျပျက်စီးခဲ့တာကြောင့် ဘင်္ဂလားဒေရှ့်ဒေသခံ တချို့ ဘေးဒုက္ခတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။

မြို့တော်ဒါကာ၊ စစ်တကောင်းနဲ့ ဆိပ်ကမ်းမြို့တွေမှာ မိုးသည်းထန်စွာ ရွာသွန်းလျက် ရှိပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံဟာ မိုးတွင်းရောက်ပြီဆိုရင် မုန်းတိုင်းဒဏ်၊ ရေကြီး မြေပြိုမှု ဒဏ်တွေကို နှစ်စဉ် တွေ့ကြုံနေရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)