ပြင်သစ် ပင့်ကူလူသား   ဘာစီလိုနာမြို့ရှိ အဆောက်အဦးကို တက်နိုင်စွမ်း မရှိ

0
264

ပြင်သစ်ပင့်ကူ လူသားလို့ ချစ်စနိုး အခေါ်ခံရတဲ့ အလီယမ် ရောဘတ်စ်ဟာ ဘာစီလိုနာမြို့က မာလီယာ စကိုင်းဟိုတယ် အဆောက်အဦးအပေါ်ကို တွယ်ဖက်တက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အလီယမ်ဟာ အရင်က ကမ္ဘာတဝှမ်းရှိ မြင့်မားတဲ့ အဆောက်အဦးတွေ အပေါ်ကို တွယ်ဖက် တက်နိုင်ခဲ့ပေမယ့်  အမြင့် ၁၁၆ မီတာရှိ  မီလီယာ စကိုင်းဟိုတယ်အပေါ်ကို တက်ချိန်မှာ အောင်မြင်မှု မရခဲ့တာ ဖြစ်ပါတယ်။

အဲဒီဟိုတယ် နံရံတွေကို ဖန်သားတွေ၊ စတီးတွေ နဲ့သာ ပြုလုပ်ထားတာဖြစ်ပြီး ဘာစီလိုနာမြို့မှာ  ၄ ခုမြောက် အမြင့်ဆုံး ဟိုတယ်ဖြစ်ပါတယ်။ ပြင်သစ် ပင့်ကူလူသား အပေါ်ကို တက်ချိန်မှာ  အောက်ကနေ ပရိသတ်တွေ နဲ့ ရဲတွေက စောင့်ကြည့်နေခဲ့ပါတယ်။

အဆောက်အဦးရဲ့ အပေါ်ဆုံးမှာရဲတွေ စောင့်ကြည်နေပြီး ဟိုတယ် နံရံတွေကို သူရဲ့ တွယ်ဖက်တက်မူအပေါ် ဖမ်းဆီးအရေးယူမှု မရှိခဲ့ဘူး။ ဒါပေမယ့်  ပြင်သစ်ပင့်ကူ လူသားဟာ အဆောက်အဦး နံရံတွေကို တွယ်ဖက်တက်ဖို့ ကြိုးပမ်းချိန်မှာ အပေါ်ဆုံးကို မတက်နိုင်ဘဲ ပြန်ဆင်းခဲ့ရပါတယ်။ အလီယမ် ရောဘတ်စ်ဟာ အရင် ပြင်သစ် အီဖယ်လ်မျှော်စင်ကြီး၊ နယူးယောက်မြို့က အင်ပါယာစတိတ် အဆောက်အဦး၊ ဒူးဘိုင်းရှိ အထပ် ၇၅ ထပ်ရှိ ကာယမ်တာဝါတွေကို အောင်မြင်စွာ တက်ခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)