ဖိလစ်ပိုင် မာရာဝီမြို့ကို အမေရိကန်တပ်ဖွဲတွေ ၀ိုင်းထား

0
225

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ မာရာဝီမြို့ကို အမေရိကန်တပ်ဖွဲ့တွေ ၀ိုင်းရံ ပိတ်ဆို့ထားပြီး တိုက်ခိုက်မှုတွေထဲ ပါဝင်မှုမရှိဘူးလို့ ဖိလစ်ပိုင်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဖိလစ်ပိုင် စစ်ဗိုလ်ချုပ် ရက်စ်တီတူတိုက အမေရိကန်တပ်ဖွဲ့ဟာ ဖိလစ်ပိုင်တပ်ဖွဲတွေကို  သတင်းအချက်တွေ ကူညီပေးနေတယ်လို့ ပြောပါတယ်။ အမေရိကန်တပ်ဖွဲတွေကို တိုက်ခိုက်မှုထဲ ပါဝင်စေမှာမဟုတ်ဘဲ အကူညီထောက်ပံ့ပေးရုံသာ လက်ခံသွားမှာ ဖြစ်တယ်လို့ ဖိလစ်ပိုင်ဗိုလ်ချုပ်က ပြောပါတယ်။

အမေရိကန်တပ်ဖွဲ့တွေဟာ တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ မာရာဝီ မြို့နဲ့ ဘယ်လောက် အကွာဝေးကနေ ၀န်းရံပိတ်ဆိုမှုတွေ လုပ်တယ်ဆိုတာ မသိရသေးပါဘူး၊

ဝါရှင်တန်ရှိ အမေရိကန်သံရုံးက အမေရိကန်နိုင်ငံအနေနဲ့ မာရာဝီမြို့ တိုက်ပွဲတွေအတွင်း ဖိလစ်ပိုင်တပ်ဖွဲ့တွေ သတင်းအချက်လက်တွေ ရယူနိုင်ဖို့ ဒရုန်းလေယာဉ်တွေ၊ ထောက်လှမ်းရေး လေယာဉ်တွေ ပေးပို့ကူညီထားတယ်လို့ ပြောပါတယ်။

မာရာဝီ မြို့တိုက်ပွဲတွေအတွင်း ဖိလစ်ပိုင်တပ်ဖွဲ့တွေက မြေပြင်မှာ တင့်ကားတွေရဲ့ ပစ်ခတ်မှုနဲ့အတူ လေယာဉ်က ဗုံးကြဲတိုက်ခိုက်တာတွေကို အဓိကထား လုပ်ဆောင်နေပါတယ်။

 

မာရာဝီမြို့တိုက်ခိုက်မှုဟာ ရက်ပေါင်း ၂၃ ရက်ကြာနေပြီး IS စစ်သွေးကြွ ၂၀၆ ဦးအပါဝင် လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲပါတယ်။ ဒါ့အပြင် တိုက်ပွဲများကြောင့် မြို့အတွင်းမှာ ပိတ်မိနေသူ ဒါမှမဟုတ် ပြန်ပေးဆွဲခံရသူ ၃၀၀ ကနေ ၆၀၀ အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)