အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင် တရုတ်အသင်း နည်းပြရာထူးက ထုတ်ပယ်ခံရ

0
326

အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင်ဟာ တရုတ် ဘောလုံးကလပ် ရှန်ဇန်အသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

ရှန်ဇန်အသင်းဟာ တရုတ်လိဂ် ပြိုင်ပွဲမှာ ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တာကြောင့် နည်းပြ အဲရစ်ဆင်ကို ရာထူးက ထုတ်ပယ်လိုက်တာပါ။

အဲရစ်ဆင်ဟာ ရှန်ဇန်အသင်းကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တာဝန်ယူခဲ့ပေမယ့် တာဝန်ယူခဲ့တဲ့ ၆ လအတွင်း အသင်းဟာ မျှော်လင့်သလောက် ရလဒ်တွေမကောင်းဘဲ  ၁၃ ပွဲမှာ ၅ ပွဲသာ အနိုင်ရခဲ့ပါတယ်။

အဲရစ်ဆန်ဟာ အတွေကြုံရင့် နည်းပြတစ်ဦးဖြစ်ပြီး မန်စီးတီး၊ လာဇီယို၊ ရိုးမားကလပ်တွေကို တာဝန်ယူခဲ့ဖူးတဲ့အပြင် ၂၀၁၃ ခုနှစ် နောက်ပိုင်းတည်းက တရုတ် ဘောလုံးကလပ်တွေမှာ ကျင်လည်နေသူ ဖြစ်ပါတယ်။

ရှန်ဇန်အသင်းဟာ လက်ရှိမှာ တရုတ်ဒုတိယတန်း ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရှိနေပြီး လာမယ့်ရာသီမှာ တန်းတက် ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်လျက် ရှိနေပါတယ်။

တရုတ်ရှန်ဇန် အသင်းဟာ တန်းတက်နိုင်ရေးအတွက် ဥရောပဘောလုံးလောကက နာမည်ကြီးတွေကို နည်းပြ ခန့်ပြီး ကြိုးပမ်းလျက်ရှိနေရာ ဟော်လန်ကွင်းလယ်လူဟောင်း ဆီးဒေါ့စ့်ကိုလည်း နည်းပြအဖြစ် ခန့်အပ် ခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)