အီရန် အသင်း ၂၀၁၈ ခုနှစ် ကမ္ဘာဖလားခြေစစ်ပွဲအောင်

0
273

အီရန်အသင်းဟာ ၂၀၁၈ ခုနှစ် ကမ္ဘာဖလားခြေစစ် အောင်မြင်သွားပြီဖြစ်ပါတယ်။ အီရန်ဟာ ကမ္ဘာဖလားခြေစစ်ပွဲ အဖြစ် ဇွန် ၁၃ ရက်နေ့က ကစားတဲ့ ဥဇ္ဇဘက်ကစ္စတန်နဲ့ ပွဲမှာ ၂ ဂိုး ပြတ်နဲ့ အနိုင်ရခဲ့လို့ ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဥဇ္ဖဘက်ကစ္စတန်နဲ့ ပွဲမှာအီရန် အသင်းအတွက် ဂိုးတွေကို တာရီမီ နဲ့ အက်မွန် တို့ က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အီရန်ဟာ   ၂၀၁၈ ကမာ့္ဘဖလားပြိုင်ပွဲအတွက်  ဒုတိယမြောက် ခြေစစ်ပွဲအောင်တဲ့ အသင်းဖြစ်ပါတယ်။

အီရန်အသင်းဟာ အုပ်စုအာရှဇုန် ခြေစစ်ပွဲအုပ်စု (က) မှာပါဝင်ပြီးအနီးကပ်ဆုံးပြိုင်ဘက်တောင်ကိုရီးယားကို (၈) မှတ်ဖြတ်ထားပြီး ခြေစစ်ပွဲအောင်ခဲ့တာ ဖြစ်ပါတယ်။

အာရှဇုန်ခြေစစ်ပွဲစဉ်တွေထဲမှာ အုပ်စုပထမရတဲ့ နှစ်သင်းဟာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပြီး အုပ်စုတတိယရတဲ့ အသင်းတွေဟာ ပလေးအော့ ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘရာဇီးအသင်းဟာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံး ခြေစစ်ပွဲအောင်မြင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)