ကိုလံဘီယာ FARC သူပုန်အဖွဲ့ လက်နက် ၃၀ ရာခိုင်နှုန်း ထပ်မံ လွှဲအပ်

0
302

ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့ (FARC) သူပုန်အဖွဲ့ဟာ ပိုင်ဆိုင်ထားတဲ့ လက်နက် တွေထဲကမှ နောက်ထပ် ၃၀ ရာခိုင်နှုန်းကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အရာရှိတွေဆီ လွှဲပြောင်းပေး လိုက်ပါတယ်။

ကိုလံဘီယာအစိုးရအဖွဲ့ နဲ့ သူပုန်အဖွဲ့ကြား ပြီးခဲ့တဲ့နှစ်မှာ ရရှိခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုအရ သူပုန်အဖွဲ့ဟာ လက်နက်တွေကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

အခုလွှဲပြောင်းပေးတဲ့ လက်နက်တွေအပါဝင် FARC သူပုန် အဖွဲ့ ပိုင်ဆိုင်တဲ့ လက်နက် ၆၀ ရာခိုင်နှုန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။

အစိုးရအဖွဲ့နဲ့ သူပုန်အဖွဲ့ကြား ငြိမ်းချမ်းရေး သဘောတူညီမှုအရ သူပုန်တွေပိုင်ဆိုင်တဲ့ လက်နက်အားလုံး လွှဲအပ်ရမှာဖြစ်ပါတယ်။

FARC သူပုန်အဖွဲ့ဟာ နှစ်ပေါင်း ၅၀ ကြာ အစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

FARC သူပုန်အဖွဲ့ ခေါင်းဆောင် ပတ်ဘလို ကတ်တာတန်ဘိုက ငြိမ်းချမ်းရေးရဖို့ နဲ့ နိုင်ငံ ပြန်တည်ထောင် ရေးအတွက် ကူညီပေးသွားမယ်လို့ ပြောပါတယ်။

သူပုန်အဖွဲ့ လွှဲအပ်ခဲ့တဲ့ လက်နက်တွေထဲမှာ ရိုင်ဖယ်နဲ့ ပစ္စတို ထောင်ချီ ပါဝင်ခဲ့ပါတယ်။ FARC သူပုန်အဖွဲ့ဟာ လက်နက်လွှဲပြီးနောက် နိုင်ငံရေးပါတီ တစ်ရပ်အဖြစ် ဖွဲစည်း တည်ထောင်သွားမှာ ဖြစ်ပါတယ်။ FARC သူပုန်အဖွဲ့ ပိုင်ဆိုင်တဲ့ လက်နက်တွေကို ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထား အပြီးလွှဲအပ်ရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)