အာဖဂန်နစ္စတန်ကို ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာ သန်း ၅၀၀ကျော် ထောက်ပံ့

0
283

အာဖဂန်နစ္စတန်နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတွေ ထပ်မံတိုးချဲ့ ရင်းနှီးမြှပ်နှံမှုတွေပြုလုပ်သွားမယ်ဖို့ ကမ္ဘာ့ ဘဏ်ကနေ  ဒေါ်လာ သန်း ၅၀၀ ကျော်ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ဇွန်လ ၁၃ရက်နေ့က အတည်ပြု ပြောကြားလိုက် ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံတွင်းက အဓိက မြို့ကြီး ၅ မြို့မှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်သွားဖြစ်ပြီး  နိုင်ငံတွင်း စီးပွား ရေးလုပ်ငန်း တွေတိုးမြှင့်လာစေဖို့  အာဖဂန် အစိုးရကို  ထောက်ပံ့ ပေးတာ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ် တာဝန် ရှိသူတွေက  ပြောပါတယ်။

အဲ့ဒီထောက်ပံငွေတွေထဲက မှ ၁၀၀ မီလီယံဟာ ဆင်းရဲ ဒုက္ခဒဏ်ခံစားနေရတဲ့ ပြည်သူတွေ စီးပွားရေး လုပ်ငန်း တိုးတက်လာအောင် ထောက်ပံ့ကူညီပေးဖို့ ၊ ၂၀ မီလီယံကတော့   အဓိက မြို့ကြီး ၅ မြို့ဖွံဖြိုး တိုးတက်မှု အပိုင်းမှာ အသုံးပြုဖို့နဲ့၊ ၂၉.၄ မီလီယံကတော့ စိုက်ပျိုးရေးပိုင်းကဏ္ဍတွေမှာ အသုံးပြုနိုင်ဖို့ နဲ့ အာဖဂန်နိုင်ငံ အနောက်ပိုင်း ဟာ့ရတ် ပြည်နယ် လျှပ်စစ်မီး ရရှိရေးအပိုင်းမှာ ၆၀ မီလီယံအသုံးပြုသွားဖို့ အစိုးရနဲ့ ညှိနှိုင်းပြောဆိုခဲ့ကြပါတယ်။

ဆင်းရဲမွဲတေမှုကြောင့် ၀မ်းစာရှာဖွေဖို့ ထွက်ခွာသွားကြတဲ့ အာဖဂန် ကျေးလက်နေ ပြည်သူ ၈ သိန်းကျော် ကိုလည်း ပါကစ္စတန် ၊အီရန် နိုင်ငံတွေက နေရပ်ကို ပြန်လည်ပို့ဆောင်ခဲ့ပြီး  အဲ့ဒီ ဒုက္ခသည်တွေအတွက် ၀င်ငွေရရှိအောင် ကျေးလက်ဒေသ စီးပွားရေးနဲ့ ဖွံဖြိုးရေး အပိုင်းတွေမှာ  မီလီယံ ၂၀၀ ကျော် အသုံးပြုသွားမှာ ဖြစ်တယ်လို့ အာဖဂန်အစိုးရ က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)