လန်ဒန် ဂရင်းဖဲလ်တာဝါကြီး တစ်ခုလုံး မီးအကြီးအကျယ် လောင်

0
293

လန်ဒန်မြို့ အနောက်ပိုင်း၊ လာတီမာလမ်းပေါ်ရှိ တာဝါကြီး တစ်ခုလုံးကို မီးအကြီးအကျယ် လောင်မှုကြောင့် မီးလောင်မှုထဲ လူတွေ ပိတ်မိနေတယ်လို့ မျက်မြက်သက်သေတွေက ပြောပါတယ်။

အထပ် ၂၄ ထပ် ရှိ ဂရင်းဖဲလ် တာဝါကြီးမှာ ဇွန်လ ၁၄ ရက်နေ့ နံနက်အစောပိုင်းက  မီးစတင်လောင်ခဲ့တာဖြစ်ပြီး မီးသတ်သမား ၂၀၀ ကျော်က မီးငြိမ်းသတ်နေကြပါတယ်။

မီးဟာ တာဝါကြီးရဲ့ အထပ် ၁၀ ထပ်မြောက် စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ တာဝါအပေါ်ပိုင်း တွေကို ထပ်မံ ကူးစက်သွားတာဖြစ်ပါတယ်။ အဆောက်အဦးပေါ်မှာ အပျက်စီးအပိုင်းစတွေ  အောက်ကို ပြုတ်ကျနေသလို မီးလောင်မှုနဲ့အတူ ပေါက်ကွဲမှုတွေ ဖြစ်နေပါတယ်။

မီးသတ်သမားတွေဟာ အထပ်အမြင့်ဆုံးနေရာက မီးလောင်မှုတွေကို မီးမငြိမ်းသတ်နိုင်ဘူးလို့ မျက်မြင့်သက်သေတွေက ပြောပါတယ်။

တာဝါအဆောက်အဦး တစ်ခုလုံးကို မီးလောင်းကျွမ်းနေတာကြောင့် တာဝါကြီး ပြိုကျမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။

လက်ရှိအချိန်မှာ လန်ဒန်မြို့ အရေးပေါ်လူနာတင် ယာဉ်တွေကို ဖြန်ကြက်ချထားပြီး  မီးငြိမ်းစ ပြုနေတဲ့ တာဝါထဲပိတ်မိနေတဲ့ သူတွေကို ကယ်တင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)