အဆိုတော် အရိန်နာဂရန့်ကို ဂုဏ်ထူးဆောင် မန်ချက်စတာနိုင်ငံသားအဖြစ် သတ်မှတ်

0
249

ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့ကောင်စီအဖွဲ့ရဲ့စီစဉ်မှုဖြင့် အမေရိကန်အဆိုတော်အရိန်နာဂရန့်ကို မန်ချက်စတာမြို့ရဲ့ဂုဏ်ထူး ဆောင်အဖြစ် သတ်မှတ်ဖို့ လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

မြို့နဲ့ပတ်သက်ပြီး ထူးခြားပြောင်မြောက်တဲ့ ကူညီပံ့ပိုးမှုတွေကို အသိအမှတ်ပြုတဲ့ စနစ်အသစ်တစ်ခု ပေါ်ထွက်လာရေးကို ကောင်စီအဖွဲ့က အဆိုပြုနေပါတယ်။

အရိန်နာဟာ မန်ချက်စတာမြို့မှာ လူ ၂၂ ဦးသေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုရဲ့ သားကောင်တွေအတွက် ရန်ပုံငွေရှာဖွေပွဲအဖြစ် One Love Manchester concert ဖြေဖျော်ပွဲကို စီစဉ်ခဲ့ပါတယ်။

စနစ်အသစ်အရ မန်ချက်စတာမြို့သားမဟုတ်သူတွေကိုလည်း မန်ချက်စတာရဲ့ဂုဏ်ထူးဆောင်နိုင်ငံသားဘွဲ့ချီးမြှင့်ပေးနိုင်မှာဖြစ် ကြောင်းသိရှိရပါတယ်။
တရားဝင်သတ်မှတ်ချက် မထွက်သေးပေမယ့် လူအများအပြားက အရိန်နာကို မန်ချက်စတာရဲ့ဂုဏ်ထူးဆောင်အဖြစ် သတ်မှတ် ထားခဲ့ပြီးဖြစ်ကြောင်း ကောင်စီလူကြီး ဆြာရစ်ချက်ရီစ်က ပြောပါတယ်။

ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အဆိုပါ One Love Manchester concert ဂီတဖြေဖျော်ပွဲကို အိုးထရက်ဖို့ဒ်မှာ ပြုလုပ်ခဲ့တာဖြစ် ပြီး ပရိသတ် ငါးသောင်းခန့် လာရောက်ခဲ့ကြပါတယ်။

အဆိုပါဂုဏ်ထူးဆောင်ဘွဲ့ပေးတဲ့ မန်ချက်စတာမြို့ရဲ့စနစ်အသစ်ဟာ လာမယ့် ဇူလိုင် ၁၂ရက်နေ့မှာစတင်မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)