ရုရှားဖော်ကောင် စွပ်ပြုတ်ထဲမှာ အဆိပ်ခတ်ပြီး အသတ်ခံရကြောင်း သတင်းထွက်ပေါ်

0
334

ရုရှားစီးပွားရေး လောကရဲ့ အဓိက မသမာမှု တစ်ခုကို ဖော်ကောင်လုပ်ခဲ့တဲ့သူ အလက်ဇန္ဒား ပီရီပီလ်လီချင်နီဟာ စွပ်ပြုတ်ထဲမှာ အဆိပ်ခတ်ပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဒါပေမဲ့ အဆိပ်ခတ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ အထောက်အထားတွေကတော့ ဖျောက်ဖျက်ခံလိုက်ရတယ်လို့ ယူဆရပါတယ်။
အဆိုပါပုဂ္ဂိုလ်ဟာ ၂၀၁၂ ခုနှစ်အတွင်း လန်ဒန် ဆင်ခြေဖုံးဒေသဖြစ်တဲ့ ၀ီးဘရစ်ဂ်က သူ့ရဲ့နေအိမ်ပြင်ပမှာ လဲကျခဲ့တာဖြစ်ပါတယ်။

အပင်ကရတဲ့ အဆိပ်ကိုဖြစ်စေတဲ့ ဓာတုပစ္စည်း သဲလွန်စတွေကို သူ့ရဲ့အစာအိမ်ထဲမှာ တွေ့ရှိခဲ့ရပါတယ်။
မစ္စတာအလက်ဇန္ဒားဟာ ငွေမည်း အမေရိကန်ဒေါ်လာ သန်း၂၃၀ ခန့်ကို ရုရှားတွေ ငွေဖြူလုပ်တဲ့လုပ်ရပ်ကို ဖော်ကောင်လုပ်ခဲ့တာဖြစ်ပါတယ်။

သူ့ကို သေဆုံးစေခဲ့တဲ့ စွပ်ပြုတ်ထဲမှာပါဝင်တဲ့ ပစ္စည်းတွေကို လုပ်ကြံသူတွေက လဲလှယ်ခဲ့တာဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေး သူတွေက သံသယရှိနေကြတာဖြစ်ပါတယ်။

မစ္စတာအလက်ဇန္ဒားဟာ နာမည်ကျော် ရုရှားစွပ်ပြုတ်ကို စားသုံးခဲ့တာဖြစ်ပေမယ့် အဲဒီစွပ်ပြုတ်မှာ ပါဝင်တဲ့အသီးအရွက်တွေကို အစာအိမ်ထဲမှာ မတွေ့ရှိခဲ့ရဘူးလို့ စစ်ဆေးသူတွေက ပြောဆိုခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)