ဒစ္စနေးရုပ်ရှင် Beauty and Beast ပြသရက် မလေးရှားမှာ ရွှေ့ဆိုင်းထား

0
269

ကမ္ဘာကျော် ဒစ္စနေးရုပ်ရှင် ဇာတ်လမ်းတစ်ခုဖြစ်တဲ့ “ Beauty and Beast” အလှပဂေးနဲ့ တောရိုင်းကောင်ကြီး ဇာတ်လမ်းကို မလေးရှားနိုင်ငံမှာ ပြသခွင့်ရက်ကို ရွှေ့ဆိုင်းထားပါတယ်။

နာမည်ကျော်ဗြိတိန်မင်းသမီး အီမာဝပ်ဆန်ရဲ့ ဒီရုပ်ရှင်ကို လာမယ့်ကြာသပတေးနေ့မှာ ပြသဖို့စီစဉ်ခဲ့တာဖြစ်ပေမယ့် ပြန်လည်စိ စစ်မယ်ဆိုပြီး အခုလိုရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဘယ်လိုအကြောင်းပြချက်မှ တိတိပ ပမပေးခဲ့ပါဘူး။

လိင်တူစိတ်ဝင်စားတဲ့ဇာတ်ကြောင်း ပါဝင်မှာဖြစ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်ကစပြီး ဒီရုပ်ရှင်ဇာတ်လမ်းက အငြင်းပွားဖွယ်ဖြစ်လာခဲ့ပါတယ်။
မွတ်စလင်လူမျိုးအများစုနေထိုင်တဲ့ မလေးရှားနိုင်ငံမှာ လိင်တူချစ်သူတွေက တရားမ၀င်ပါဘူး။ ဒါပေမဲ့ မလေးရှား ခရီးသွား ၀န်ကြီးကတော့ ရုပ်ရှင်ကိုတားမြစ်တာက ရယ်စရာတစ်ခုပါပဲလို့ ပြောဆိုခဲ့ပါတယ်။

“ လိင်တူချစ်သူဇာတ်ကောင်ပါတဲ့ အတွက်ကြောင့်နဲ့တော့ ရုပ်ရှင်တစ်ခုကို မပိတ်ပင်ပါဘူးလို့ ၀န်ကြီး စီရီနာဇ်ရီအဇစ်ဇ်က ဆိုပါတယ်။
“ ကမ္ဘာပေါ်မှာလည်း လိင်တူချစ်သူ (ဂေး)တွေအများကြီးပါ၊ ဒါက ဘယ်သူ့ကိုမှ လွှမ်းမိုးလိမ့်မယ်လို့ ကျွန်တော်တော့ မထင်မိပါဘူး။ ကျွန်တော်တို့ စဉ်းစားဖို့လိုမယ်။ လူတွေကို သူတို့ဘာသာဆုံးဖြတ်ခွင့်ပေးရပါမယ်” လို့ သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဒစ္စနေးရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ သူတို့အနေနဲ့ စောင့်ကြည့်နေပါတယ်လို့ပဲ ပြောဆိုသွားခဲ့ပါတယ်။
မလေးရှားနဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ စင်္ကာပူမှာ မိန်းမလျာတွေလိင်ဆက်ဆံမှုက တရားမ၀င်ပါဘူး။ စင်္ကာပူ အင်ဂလီကန်ဘုရား ကျောင်းက ဒီရုပ်ရှင်နဲ့ ပတ်သတ်ပြီးမိဘတွေကို သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ရုရှားဝန်ကြီးချုပ်က အဆိုပါရုပ်ရှင်ကို လိင်တူချစ်သူ ဇာတ်ကောင်ပါဝင်နေတာကြောင့် ပိတ်ပင်ဖို့ ယဉ်ကျေးမှုဝန်ကြီးကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ယဉ်ကျေးမှုဝန်ကြီးက အသက် ၁၆ နှစ်အထက် ကြည့်ခွင့်ပြုတယ်ဆိုတဲ့ ကန့်သက်ချက်နဲ့ ပြသခွင့်ပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)