ဒုတိယဖာရိုဘုရင်ကြီး ရုပ်တုကိုယ်လုံးပိုင်းကို အီဂျစ်နိုင်ငံမှာ တူးဖော်တွေ့ရှိ

0
293

လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ ခန့်က တည်ဆောက်ခဲ့တဲ့ ကြီးမားတဲ့ရုပ်ထုကြီးရဲ့ကိုယ်လုံးပိုင်းကို အီဂျစ်နိုင်ငံမှာ ရွှံ့နွံထဲက တူးဖော် ရရှိခဲ့ပါတယ်။ အဆိုပါရုပ်ထုကြီးဟာ ကျော်ကြားလှတဲ့ အီဂျစ်ဖာရိုရမ်မီစ်(၂)ဘုရင်ကြီးရဲ့ရုပ်ထုဖြစ်မယ်လို့ ရှေးဟောင်းသုတေသန ပညာ ရှင်တွေက ယူဆထားကြပါတယ်။

၎င်းရုပ်ထုကြီးရဲ့ ကြီးမားလှတဲ့ဦးခေါင်းနဲ့ အခြားအစိတ်အပိုင်းတွေကိုလည်း ကိုယ်လုံးပိုင်းတွေ့ရှိတဲ့နေရာကနေပဲ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက တူးဖော်ရရှိခဲ့ပါတယ်။

အဆိုပါရုပ်ထုအပိုင်းအစတွေကို အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့အရှေ့တောင်ပိုင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ရမ်မီစ်(၂)ဘုရားကျောင်းနဲ့
အနီးဝန်းကျင်မှာတွေ့ရှိခဲ့ရတာဖြစ်ပါတယ်


အဆိုပါကျောင်းကို မဟာရမ်မီစ်လို့လည်း ရှေးဟောင်းသုတေသီလောကမှာ အသိများ ကြပါတယ်။ ဒါကြောင့် ဒီရုပ်ထုဟာ ဖာရိုရမ်မီစ်(၂)ရဲ့ရုပ်ထုဖြစ်ဖွယ်ရှိကြောင်း ပညာရှင်တွေက ပြောဆိုခဲ့ကြပါတယ်။

ဖာရိုရမ်မီစ်(၂)ဟာ အီဂျစ်အင်ပါယာမင်းဆက်ရဲ့ (၁၉)ဆက်မြောက်ဖြစ်ပြီး အင်ပါယာတစ်ခုလုံးရဲ့တန်ခိုးအထွားဆုံးမင်းဖြစ်တယ် လို့ သမိုင်းတွေက ဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)