ဝူဟန်ရှိ နိုင်ငံသားတွေကို ယူကရိန်းအစိုးရ လေယာဉ်နဲ့ ကယ်ထုတ်မယ်

0
134

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ ယူကရိန်းနိုင်ငံသားတွေကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ကယ်ထုတ်ဖို့ လေယာဉ်စေလွှတ်မယ်လို့ ယူကရိန်း ကျန်းမာရေးဝန်ကြီး ဇိုယာနာ စကာလက်စကာက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ လေယာဉ်စေလွှတ်မှာ ဖြစ်ပြီး ၁၉ ရက်နေ့မှာ ယူကရိန်းနိုင်ငံသားတွေ နိုင်ငံပြန်ရောက်မယ်လို့ ဝန်ကြီးက ပြောပါတယ်။ ပထမအဆင့်အနေနဲ့ ဝူဟန်မှာ ကျန်နေတဲ့ ယူူကရိန်းနိုင်ငံသားတွေကို တရုတ်ဆရာဝန်တွေက စစ်ဆေးမှာ ဖြစ်ပြီး ကျန်းမာသူတွေကိုသာ လေယာဉ်ပေါ် တက်ခွင့်ပြုမှာ ဖြစ်ပါတယ်။ 

လေယာဉ်ပျံသန်းနေစဉ်မှာလည်း ယူကရိန်း ဆရာဝန်တွေက ထပ်မံစစ်ဆေးမှာ ဖြစ်ပြီး ယူကရိန်းကို ပြန်ရောက်ရင် ခရီးသည်အားလုံး ၁၄ ရက်ကြာ သီးသန့်ခွဲပြီး နေရမှာ ဖြစ်ပါတယ်။ အစောပိုင်းမှာ ယူကရိန်းအစိုးရက ဝူဟန်ကနေ နိုင်ငံသားတွေ ခေါ်ထုတ်ဖို့ ဆိုင်းငံ့ထားခဲ့ပြီး အန္တရာယ် အနည်းအောင် ဖြစ်အောင်လို့ဖြစ်ကြောင်း ဝန်ကြီးချုပ် အလက်ဇီ ဂွန်ချာရွတ်ခ်က ပြောပါတယ်။

ဝူဟနျရှိ နိုငျငံသားတှကေို ယူကရိနျးအစိုးရ လယောဉျနဲ့ ကယျထုတျမယျ