ထောင်ဒဏ် ချမှတ်ခံရတဲ့ ဆမ်ဆောင် ဘုတ်အဖွဲ့ ဥက္ကဋ္ဌ နုတ်ထွက်မယ်

0
229

မနှစ်က ဒီဇင်ဘာလမှာ အလုပ်သမား သမဂ္ဂက အနှောင့်အယှက် ပေးမှုနဲ့ ထောင်ဒဏ် ၁၈ လ ချမှတ်ခံခဲ့ရတဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌ လီဆန်ဟွန်းက နုတ်ထွက်စာ တင်လိုက်ကြောင်း ဆမ်ဆောင် အီလက်ထရောနစ်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကြေညာပါတယ်။

နုတ်ထွက်ရတဲ့ တခြားအကြောင်းရင်းကိုတော့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခြင်း မပြုပါဘူး။ မကြာခင် ဥက္ကဋ္ဌသစ် ခန့်အပ်ဖို့ ဘုတ်အဖွဲ့က စီစဉ်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါကြောင့် ဆမ်ဆောင် အစုရှယ်ယာဝင်တွေရဲ့ အစည်းအဝေးကို လာမယ့် မတ်လမှာ ပြုလုပ်မယ်လို့ ခန့်မှန်းရပါတယ်။

ဥက္ကဋ္ဌ လီနဲ့ တခြား ၂၅ ဦးတို့ဟာ အလုပ်သမား သမဂ္ဂကို ပစ်မှတ်ထားပြီး ဗျူဟာ အမျိုးမျိုးသုံးကာ သမဂ္ဂရဲ့ လုပ်ဆောင်မှုတွေကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့ကြောင်း၊ ဥပမာ အလုပ်သမား သမဂ္ဂနဲ့ အလုပ်လုပ်နေတဲ့ ဆပ်ကန်ထရိုက် လုပ်ငန်းတွေကို ပိတ်ပစ်ခဲ့တာတွေ ပါဝင်ကြောင်း တရားလိုဘက်က ရှေ့နေတွေက စွပ်စွဲပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။   

ထောငျဒဏျ ခမြှတျခံရတဲ့ ဆမျဆောငျ ဘုတျအဖှဲ့ ဥက်ကဋ်ဌ နုတျထှကျမယျ

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)