ဆန်ချိုကို တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းနဲ့ ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် စီစဉ်

0
139

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒေါ့မွန်အသင်း ကွင်းလယ်လူ ဆန်ချိုကို တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းပေးကာ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ ဗြိတိန်အခြေစိုက် The Mirror သတင်းဌာနက ဖော်ပြပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ချဲလ်ဆီး၊ ရီးရဲမက်ဒရစ် အသင်းတို့နဲ့အပြိုင် ကြိုးပမ်းနေရတာလည်း ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုင်တက်နည်းပြ ဆိုးလ်ရှား လက်အောက်မှာ အသင်းခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့အတွက် အသင်းအင်အား တောင့်တင်းစေဖို့ ကစားသမားအသစ် ခေါ်ယူရေး စီစဉ်နေတာ ဖြစ်ပါတယ်။ 


ဆနခြွိုကို တဈပတလြုပခြ ပေါငြ ၂ သိနြးနဲ့ ခေါယြူဖို့ မနခြကွစြတာ ယူနိုကတြကြ စီစဉြ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒေါ့မွန်အသင်း ကွင်းလယ်လူ ဆန်ချိုကို တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းပေးကာ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ ဗြိတိန်အခြေစိုက် The Mirror သတင်းဌာနက ဖော်ပြပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ချဲလ်ဆီး၊ ရီးရဲမက်ဒရစ် အသင်းတို့နဲ့အပြိုင် ကြိုးပမ်းနေရတာလည်း ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုင်တက်နည်းပြ ဆိုးလ်ရှား လက်အောက်မှာ အသင်းခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့အတွက် အသင်းအင်အား တောင့်တင်းစေဖို့ ကစားသမားအသစ် ခေါ်ယူရေး စီစဉ်နေတာ ဖြစ်ပါတယ်။

ဆန်ချိုကို ချဲလ်ဆီးအသင်းက နွေရာသီ အပြောင်းအရွှေ့ကာလမှာ အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားဆဲဖြစ်သလို ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းကလည်း ဆန်ချိုကို ခေါ်ယူဖို့ နှစ်သက်နေဆဲ ဖြစ်ပါတယ်။ ဆန်ချိုဟာ လက်ရှိရာသီမှာ ဒေ့ါမွန်အတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီး ပြိုင်ပွဲအရပ်ရပ်မှာ ကိုယ်တိုင် ၁၅ ဂိုး သွင်းယူထားသလို အသင်းဖော်တွေ အတွက် ဂိုးရအောင် ၁၉ ကြိမ် ဖန်တီးပေးထားပါတယ်။