ဂျပန်မှာ Covid-19 ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးသူ ရှိလာ

0
105

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အနောက်ပိုင်း၊ ခါနာဂါဝါခရိုင်မှာ သေဆုံးသွားတဲ့ အသက် ၈၀ အရွယ် ဂျပန်အမျိုးသမီးတစ်ဦးဟာ Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တယ်လို့ ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ 

ဒီအမျိုးသမီးဟာ ကိုယ်လက်မအီမသာ ဖြစ်တာကြောင့် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ဆေးကုသရေးဌာနကို သွားပြခဲ့ပြီး အဲဒီတုန်းကတော့ ဆရာဝန်က အခြေအနေကို စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ Corona ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါအဖြစ် အတည်ပြုခဲ့တာကြောင့် ဆေရုံတက်ခဲ့ရာက ၆ ရက်နေ့မှာ အသက်ရှုရ ခက်ခဲလာခဲ့တဲ့အတွက် တခြား ဆေးရုံကို ပြောင်းတင်ခဲ့ပါတယ်။


ဂပွနမြှာ Covid-19 ဗိုငြးရပဈြကှောင့ြ ပထမဆုံး သဆေုံးသူ ရှိလာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အနောက်ပိုင်း၊ ခါနာဂါဝါခရိုင်မှာ သေဆုံးသွားတဲ့ အသက် ၈၀ အရွယ် ဂျပန်အမျိုးသမီးတစ်ဦးဟာ Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တယ်လို့ ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီအမျိုးသမီးဟာ ကိုယ်လက်မအီမသာ ဖြစ်တာကြောင့် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ဆေးကုသရေးဌာနကို သွားပြခဲ့ပြီး အဲဒီတုန်းကတော့ ဆရာဝန်က အခြေအနေကို စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ Corona ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါအဖြစ် အတည်ပြုခဲ့တာကြောင့် ဆေရုံတက်ခဲ့ရာက ၆ ရက်နေ့မှာ အသက်ရှုရ ခက်ခဲလာခဲ့တဲ့အတွက် တခြား ဆေးရုံကို ပြောင်းတင်ခဲ့ပါတယ်။

အဲဒီနောက် အသက်ရှုကြပ်တဲ့ အနေအထား ပိုဆိုးလာခဲ့ရာက ဗိုင်းရပ်စ်ပိုး စစ်ဆေးမှုကို ခံယူခဲ့ပြီးနောက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ စစ်ဆေးမှုရလဒ် ထွက်လာခဲ့ရာမှာလည်း ဒီအမျိုးသမီးဟာ Covid-19 ဗိုင်းရပ်စ် ကူးစက်ခံထားရတယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါဟာ ဂျပန်ပြည်တွင်း Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ပထမဦးဆုံး သေဆုံးမှု ဖြစ်ပါတယ်။