တ႐ုတ္ အင္တာနက္ စည္းကမ္းထိန္းသိမ္းေရး အႀကီးအကဲေဟာင္းကို ပါတီကေန ထုတ္ပယ္

0
915

တ႐ုတ္ အင္တာနက္ စည္းကမ္းထိန္းသိမ္းေရး အႀကီးအကဲေဟာင္းကို တ႐ုတ္ကြန္ျမဴနစ္ပါတီက ထုတ္ပယ္လုိက္တယ္လို႔ တ႐ုတ္မီဒီယာေတြက ေဖာ္ျပပါတယ္။  

လူေဝဟာ အဂတိ လိုက္စားမႈေတြ လုပ္ေဆာင္ခဲ့တာေၾကာင့္ အခုလို ပါတီကေန ထုတ္ပယ္လုိက္တာ ျဖစ္တယ္လုိ႔ တ႐ုတ္ အက်င့္ပ်က္ လာဘ္စားမႈ တုိက္ဖ်က္ေရး ေစာင့္ၾကည့္မႈအဖြဲ႔က ေျပာပါတယ္။

တ႐ုတ္ အင္တာနက္ စည္းကမ္းထိန္းသိမ္းေရး အႀကီးအကဲေဟာင္းဟာ အက်င့္ပ်က္လာဘ္စားမႈေတြနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ႏွစ္ ႏုိဝင္ဘာလေလာက္တည္းက စံုစမ္းစစ္ေဆး ခံေနရသူျဖစ္ၿပီး လက္ရွိမွာေတာ့ ပါတီကေန ထုတ္ပယ္ဖို႔ ဆံုးျဖတ္လိုက္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ် အင်တာနက် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲဟောင်းကို ပါတီကနေ ထုတ်ပယ်

တရုတ် အင်တာနက် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲဟောင်းကို တရုတ်ကွန်မြူနစ်ပါတီက ထုတ်ပယ်လိုက်တယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။

လူဝေဟာ အဂတိ လိုက်စားမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အခုလို ပါတီကနေ ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့ တရုတ် အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး စောင့်ကြည့်မှုအဖွဲ့က ပြောပါတယ်။

တရုတ် အင်တာနက် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲဟောင်းဟာ အကျင့်ပျက်လာဘ်စားမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလောက်တည်းက စုံစမ်းစစ်ဆေး ခံနေရသူဖြစ်ပြီး လက်ရှိမှာတော့ ပါတီကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)