
0
949


 




>>>>>>>>>>>>>>>>>>>>>>>>>>>

အဂတိ တိုက်ဖျက်ရေး အကြီးအကဲဟောင်းကို အီဂျစ် စစ်ဘက် ဖမ်းဆီး

အီဂျစ် စစ်ဘက်ရှေ့နေတွေက အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကြီးအကဲဟောင်းကို ၁၅ ရက်ကြာ ထိန်းသိမ်းထားဖို့ အမိန့်ပေးလိုက်ပါတယ်။

နိုင်ငံကို နစ်နာမှုတွေ ရှိစေနိုင်တဲ့ စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းနိုင်ဖို့ ထိန်းသိမ်းတာ ဖြစ်ပါတယ်။ ဟစ္စဟမ် ဂျီနီနာဟာ မတ်လမှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ သမ္မတ အယ်လ်စီစီကို စိန်ခေါ်ဖို့ အလားလာများနေတဲ့သူကို ကူညီပေးနေသူဖြစ်ပြီး သူ့ကို စစ်ထောက်လှမ်းရေးက အိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဆာမီ အာနန် ပိုင်ဆိုင်တဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံကို နစ်နာမှုရှိစေနိုင်တဲ့ စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ချ ပြောဆိုမှုတွေကြောင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခံရတာ ဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဟောင်း အာနန်ဟာ ပြီးခဲ့တဲ့လက အဖမ်းခံခဲ့ရပါတယ်။ အာနန်ဟာ ခွင့်ပြုချက် မရှိဘဲ ရွေးကောက်ပွဲ ယှဉ်ပြိုင်ဖို့ ကြိုးစားတာကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)