ေဆးဝယ္ဖို႔ ဝန္ေလးတဲ့ အေမရိကန္ ေက်ာင္းဆရာမ တုပ္ေကြးေၾကာင့္ ေသဆံုး

0
925

 

ဝယ္ရမယ့္ ေဆးေတြ ေစ်းႀကီးတာေၾကာင့္ ေဆးဝယ္ဖို႔ ခ်ီတံုခ်တံု ျဖစ္ေနတဲ့ အသက္ ၃၈ ႏွစ္အရြယ္ အေမရိကန္ ေက်ာင္းဆရာမဟာ တုပ္ေကြးေရာဂါေၾကာင့္ ေသဆံုးသြားပါတယ္။

တကၠဆက္ျပည္နယ္က မူလတန္းျပဆရာမ ဟီသာ ေဟာ္လန္ဟာ ကေလး ႏွစ္ေယာက္ မိခင္ျဖစ္ၿပီး ေဆးအညႊန္းအရ ေဆးေတြဟာ အေမရိကန္ ေဒၚလာ ၁၁၆ ေဒၚလာ က်သင့္မွာမို႔ ေစ်းႀကီးတယ္လို႔ ဟီသာ ေဟာ္လန္က ယူဆေၾကာင္း ခင္ပြန္းျဖစ္သူ မစၥတာ ဖရန္႔ခ္က ေျပာပါတယ္။

အဲဒီလို ေဆးဝယ္ဖို႔ ေတြေဝေနစဥ္မွာပဲ ေရာဂါအေျခအေနက ဆိုးရြားလာၿပီး ေဖေဖာ္ဝါရီလ ၉ ရက္ေန႔မွာ အေရးေပၚ ေဆးကုသေဆာင္ကို ပို႔ၿပီးေနာက္ ေသဆံုးခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>

ဆေးဝယ်ဖို့ ဝန်လေးတဲ့ အမေရိကန် ကျောင်းဆရာမ တုပ်ကွေးကြောင့် သေဆုံး

ဝယ်ရမယ့် ဆေးတွေ ဈေးကြီးတာကြောင့် ဆေးဝယ်ဖို့ ချီတုံချတုံ ဖြစ်နေတဲ့ အသက် ၃၈ နှစ်အရွယ် အမေရိကန် ကျောင်းဆရာမဟာ တုပ်ကွေးရောဂါကြောင့် သေဆုံးသွားပါတယ်။

တက္ကဆက်ပြည်နယ်က မူလတန်းပြဆရာမ ဟီသာ ဟော်လန်ဟာ ကလေး နှစ်ယောက် မိခင်ဖြစ်ပြီး ဆေးအညွှန်းအရ ဆေးတွေဟာ အမေရိကန် ဒေါ်လာ ၁၁၆ ဒေါ်လာ ကျသင့်မှာမို့ ဈေးကြီးတယ်လို့ ဟီသာ ဟော်လန်က ယူဆကြောင်း ခင်ပွန်းဖြစ်သူ မစ္စတာ ဖရန့်ခ်က ပြောပါတယ်။

အဲဒီလို ဆေးဝယ်ဖို့ တွေဝေနေစဉ်မှာပဲ ရောဂါအခြေအနေက ဆိုးရွားလာပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အရေးပေါ် ဆေးကုသဆောင်ကို ပို့ပြီးနောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)