ဂီတာ ဆိုင္ကလုန္း မုန္တိုင္းေၾကာင့္ တြန္ဂါမွာ လူေထာင္ခ်ီ အိုးမဲ့အိမ္မဲ့ ျဖစ္

0
961

လူဦးေရ ၁ သိန္း ၇ ေထာင္ရွိတဲ့ ပစိဖိတ္ကြ်န္းႏိုင္ငံ တြန္ဂါမွာ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ညက တိုက္ခတ္တဲ့ ဂီတာ ဆိုင္ကလုန္း မုန္တိုင္းေၾကာင့္ ပ်က္စီးဆံုး႐ံႈးမႈ မ်ားျပားၿပီး လူေပါင္း ၅၇၀၀ အိုးမဲ့အိမ္မဲ့ ျဖစ္သြားပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ဂီတာ ဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ အာမိုအာနဲ႔ အေမရိကန္ ဆာမိုအာတို႔မွာလည္း ထိခိုက္ပ်က္စီးမႈေတြ ရွိခဲ့ပါတယ္။ တြန္ဂါမွာ တိုက္ခတ္သြားတဲ့ မုန္တိုင္းဟာ ဆက္လက္ေရြ႕လ်ားၿပီး ဖီဂ်ီရဲ႕ ေတာင္ပိုင္းကြ်န္းစု လာအူကို ေရာက္ရွိေနပါတယ္။ လာအူကြ်န္းစုေပၚမွာ လူ ၂၅၀၀ ရွိၿပီး ဆိုင္ကလုန္း မုန္တိုင္းေၾကာင့္ အထိနာဖြယ္ ရွိေနပါတယ္။

ဂီတာ ဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ အျမင့္ ၇ မီတာရွိ ေရလိႈင္းေတြ ျဖစ္ေပၚႏိုင္ၿပီး ေဒသခံေတြအေနနဲ႔ ပိုျမင့္တဲ့ ေနရာေတြကို ေရႊ႕ေျပာင္းၾကဖို႔ သတိေပးထားပါတယ္။ ဆယ္စုႏွစ္မ်ားစြာအတြင္း တြန္ဂါႏိုင္ငံကို တိုက္ခတ္ခဲ့တဲ့ ဂီတာ မုန္တိုင္းက အျပင္းထန္ဆံုး ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>

ဂီတာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် တွန်ဂါမှာ လူထောင်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်

လူဦးရေ ၁ သိန်း ၇ ထောင်ရှိတဲ့ ပစိဖိတ်ကျွန်းနိုင်ငံ တွန်ဂါမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညက တိုက်ခတ်တဲ့ ဂီတာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု များပြားပြီး လူပေါင်း ၅၇၀ဝ အိုးမဲ့အိမ်မဲ့ ဖြစ်သွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဂီတာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အာမိုအာနဲ့ အမေရိကန် ဆာမိုအာတို့မှာလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ တွန်ဂါမှာ တိုက်ခတ်သွားတဲ့ မုန်တိုင်းဟာ ဆက်လက်ရွေ့လျားပြီး ဖီဂျီရဲ့ တောင်ပိုင်းကျွန်းစု လာအူကို ရောက်ရှိနေပါတယ်။ လာအူကျွန်းစုပေါ်မှာ လူ ၂၅၀ဝ ရှိပြီး ဆိုင်ကလုန်း မုန်တိုင်းကြောင့် အထိနာဖွယ် ရှိနေပါတယ်။

ဂီတာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အမြင့် ၇ မီတာရှိ ရေလှိုင်းတွေ ဖြစ်ပေါ်နိုင်ပြီး ဒေသခံတွေအနေနဲ့ ပိုမြင့်တဲ့ နေရာတွေကို ရွှေ့ပြောင်းကြဖို့ သတိပေးထားပါတယ်။ ဆယ်စုနှစ်များစွာအတွင်း တွန်ဂါနိုင်ငံကို တိုက်ခတ်ခဲ့တဲ့ ဂီတာ မုန်တိုင်းက အပြင်းထန်ဆုံး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)