ေတာင္ကိုရီးယား သမၼတေဟာင္းရဲ႕ မိတ္ေဆြ ခ်ိဳဆြန္ဆီ ေထာင္ဒဏ္ ၂၀  အျပစ္ေပးခံရ

0
890

ေတာင္ကိုရီးယား သမၼတေဟာင္း ပတ္ဂြန္ေဟးရဲ႕ အရင္းႏွီးဆံုး မိတ္ေဆြျဖစ္တဲ့ ခ်ိဳဆြန္ဆီကို ေတာင္ကိုရီးယား တရား႐ံုးက ေထာင္ဒဏ္ ႏွစ္ ၂၀ ျပစ္ဒဏ္ခ်မွတ္လုိက္ပါတယ္။

ခ်ိဳဆြန္ဆီဟာ အာဏာ အလြဲသံုးစားလုပ္မႈ၊ အက်င့္ပ်က္လာဘ္စားမႈေတြအျပင္ ၾသဇာလႊမ္းမိုးဖုိ႔ ႀကိဳးပမ္းမႈေတြေၾကာင့္ ေထာင္ဒဏ္ ျပစ္ဒဏ္ေပးခံရတာ ျဖစ္ပါတယ္။ ခ်ိဳဆြန္ဆီဟာ ေတာင္ကိုရီးယားႏုိင္ငံရဲ႕ ပထမဆံုး အမ်ိဳးသမီး သမၼတ ပတ္ဂြန္ေဟးကို အယံုအၾကည္မရွိ အဆုိတင္သြင္းမႈအထိ ျဖစ္ေစခဲ့တဲ့ အက်င့္ပ်က္ ျခစားမႈရဲ႕ အဓိက အက်ဆံုးသူျဖစ္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ေတာင္ကိုရီးယား သမၼတေဟာင္း ပတ္ဂြန္ေဟးကိုေတာ့ စြဲခ်က္ေပါင္း ဒါဇင္ခ်ီ စြဲခ်က္တင္ထားၿပီး စံုစမ္းမူေတြ လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။

ပတ္ဂြန္ေဟးရဲ႕ မိတ္ေဆြ ခိ်ဳဆြန္ဆီရဲ႕ ေရွေန႔ျဖစ္သူကေတာ့ ျပစ္ဒဏ္ကို အယူခံဝင္သြားမယ္လုိ႔ ေျပာထားပါတယ္။ ခ်ိဳဆြန္ဆီဟာ သူနဲ႔ သမၼတ ပတ္ဂြန္ေဟး ဆက္ႏြယ္မူကို အသံုးခ်ၿပီး ဆမ္းေဆာင္း အီလက္ထေရာနစ္ကုမၸဏီ၊ ေလာ့တီ ကုမၸဏီတို႔ အပါအဝင္ စီးပြားေရး လုပ္ငန္းစုေတြဆီကို သူထိန္းခ်ဳပ္ထားတဲ့ ေဖာင္ေဒးရွင္း ႏွစ္ခုဆီ ေဒၚလာသန္းခ်ီ အလွဴေငြထည့္ေစဖုိ႔ ဖိအားေပးခဲ့တယ္လုိ႔ စြပ္စြဲခံရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယား သမ္မတဟောင်းရဲ့ မိတ်ဆွေ ချိုဆွန်ဆီ ထောင်ဒဏ် ၂၀ အပြစ်ပေးခံရ

တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်ဟေးရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်တဲ့ ချိုဆွန်ဆီကို တောင်ကိုရီးယား တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ချိုဆွန်ဆီဟာ အာဏာ အလွဲသုံးစားလုပ်မှု၊ အကျင့်ပျက်လာဘ်စားမှုတွေအပြင် သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းမှုတွေကြောင့် ထောင်ဒဏ် ပြစ်ဒဏ်ပေးခံရတာ ဖြစ်ပါတယ်။

ချိုဆွန်ဆီဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ပတ်ဂွန်ဟေးကို အယုံအကြည်မရှိ အဆိုတင်သွင်းမှုအထိ ဖြစ်စေခဲ့တဲ့ အကျင့်ပျက် ခြစားမှုရဲ့ အဓိက အကျဆုံးသူဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်ဟေးကိုတော့ စွဲချက်ပေါင်း ဒါဇင်ချီ စွဲချက်တင်ထားပြီး စုံစမ်းမူတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ပတ်ဂွန်ဟေးရဲ့ မိတ်ဆွေ ချိုဆွန်ဆီရဲ့ ရှေနေ့ဖြစ်သူကတော့ ပြစ်ဒဏ်ကို အယူခံဝင်သွားမယ်လို့ ပြောထားပါတယ်။

ချိုဆွန်ဆီဟာ သူနဲ့ သမ္မတ ပတ်ဂွန်ဟေး ဆက်နွယ်မူကို အသုံးချပြီး ဆမ်းဆောင်း အီလက်ထရောနစ်ကုမ္ပဏီ၊ လော့တီ ကုမ္ပဏီတို့ အပါအဝင် စီးပွားရေး လုပ်ငန်းစုတွေဆီကို သူထိန်းချုပ်ထားတဲ့ ဖောင်ဒေးရှင်း နှစ်ခုဆီ ဒေါ်လာသန်းချီ အလှူငွေထည့်စေဖို့ ဖိအားပေးခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)