ခိုလံႈခြင့္ေတာင္းသူ ၂ ေသာင္းအနက္ အေယာက္ ၂၀ သာ ဂ်ပန္ လက္ခံ

0
902

ၿပီးခဲ့တဲ့ ႏွစ္မွာ ခိုလံႈခြင့္ေတာင္းသူ ၈၀ ရာခိုင္ႏႈန္း တိုးလာၿပီး ၁၉၆၂၈ ဦး ရွိတဲ့အနက္ ဂ်ပန္ႏိုင္ငံက အေယာက္ ၂၀ သာ လက္ခံခဲ့တယ္လို႔ ဂ်ပန္အစိုးရက ေျပာပါတယ္။

လူဝင္မႈႀကီးၾကပ္ေရးဟာ ယဥ္ေက်းမႈနဲ႔ လူမ်ိဳး တစ္သားတည္းျဖစ္မႈအေပၚ ဂုဏ္ယူတတ္တဲ့ ဂ်ပန္မွာ အျငင္းပြားဖြယ္ျဖစ္ပါတယ္။ သက္ႀကီးရြယ္အို မ်ားျပားမႈနဲ႔ လုပ္ငန္းခြင္မွာ လုပ္အားလိုအပ္ခ်က္ ရွိေပမယ့္ ဂ်ပန္က လူဝင္မႈႀကီးၾကပ္ေရးကို တင္းက်ပ္ထားပါတယ္။

ဂ်ပန္ဟာ ႏိုင္ငံတကာမွာ အဓိက ေထာက္ပံ့လႉဒါန္းတဲ့ ႏိုင္ငံျဖစ္ေပမယ့္ ခိုလံႈခြင့္ေတာင္းခံတာနဲ႔ ေကာ္လာျပာ လုပ္သားေတြကို ႏိုင္ငံတြင္း ဝင္ခြင့္ျပဳေရးမွာ တံု႔ဆိုင္းေနဆဲ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခိုလှုံခွင့်တောင်းသူ ၂ သောင်းအနက် အယောက် ၂၀ သာ ဂျပန် လက်ခံ

ပြီးခဲ့တဲ့ နှစ်မှာ ခိုလှုံခွင့်တောင်းသူ ၈၀ ရာခိုင်နှုန်း တိုးလာပြီး ၁၉၆၂၈ ဦး ရှိတဲ့အနက် ဂျပန်နိုင်ငံက အယောက် ၂၀ သာ လက်ခံခဲ့တယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးဟာ ယဉ်ကျေးမှုနဲ့ လူမျိုး တစ်သားတည်းဖြစ်မှုအပေါ် ဂုဏ်ယူတတ်တဲ့ ဂျပန်မှာ အငြင်းပွားဖွယ်ဖြစ်ပါတယ်။ သက်ကြီးရွယ်အို များပြားမှုနဲ့ လုပ်ငန်းခွင်မှာ လုပ်အားလိုအပ်ချက် ရှိပေမယ့် ဂျပန်က လူဝင်မှုကြီးကြပ်ရေးကို တင်းကျပ်ထားပါတယ်။

ဂျပန်ဟာ နိုင်ငံတကာမှာ အဓိက ထောက်ပံ့လှူဒါန်းတဲ့ နိုင်ငံဖြစ်ပေမယ့် ခိုလှုံခွင့်တောင်းခံတာနဲ့ ကော်လာပြာ လုပ်သားတွေကို နိုင်ငံတွင်း ဝင်ခွင့်ပြုရေးမှာ တုံ့ဆိုင်းနေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)