အစၥေရးဝန္ႀကီးခ်ဳပ္ကို အက်င့္ပ်က္ လာဘ္စားမႈနဲ႔ စြဲခ်က္တင္ဖုိ႔ ရဲတပ္ဖြဲ အႀကံျပဳ

0
261

အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ ေနတန္ယာဟုကို အက်င့္ပ်က္လာဘ္စားမႈ၊ အမ်ားျပည္သူ ယံုၾကည္မႈကို အလြဲသံုးစား လုပ္မႈေတြနဲ႔ စြဲခ်က္တင္ အေရးယူဖို႔ အစၥေရးရဲတပ္ဖြဲ႔က အႀကံျပဳလုိက္ပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္ဟာ ၂၀၁၇ ခုႏွစ္တည္းက အဲဒီအမႈေတြနဲ႔ ပတ္သက္လို႔ ေမးျမန္းတာ ခံခဲ့ရၿပီး  အဂတိလိုက္စားမႈ သီးျခားစြဲခ်က္ ႏွစ္ခုနဲ႔ သံသယရွိခံေနရပါတယ္။

ဝန္ႀကီးခ်ဳပ္ ေနတန္ယာဟု အေနနဲ႔ ဘီလ်ံနာ သူေဌးေတြ၊ အစၥေရးႏိုင္ငံဖြား ေဟာလိဝုဒ္ သူေဌးႀကီး အာႏြန္ မယ္လ္ခ်န္နဲ႔ တျခား စီးပြားေရး စီးပြားေရးသမားေတြ ဆီကေန အေမရိကန္ေဒၚလာ ၁ သိန္းအျပင္ တန္ဖိုးႀကီး လက္ေဆာင္ေတြ လက္ခံခဲ့တယ္ဆိုတဲ့ စြပ္စြဲခံေနရပါတယ္။

ဒါ့အျပင္ အျပဳသေဘာေဆာင္တဲ့ သတင္းကို ေဖာ္ျပေပးဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ သတင္းစာ ထုတ္ေဝသူတဦးကို အထူးအခြင့္အေရးေတြ ေပးဖုိ႔ သူက ကတိေပးခဲ့တယ္လို႔လည္း စြပ္စြဲမႈေတြ ရွိေနပါတယ္။

 အစၥေရး ဝန္ႀကီးခ်ဳပ္ကေတာ့ သူအေပၚ စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္လို႔ ျငင္းဆန္ထားဆဲျဖစ္ၿပီး အစၥေရး ႏုိင္ငံသားေတြက သူ႔ကို ေခါင္းေဆာင္ဖုိ႔ ေရြးခ်ယ္တဲ့ ကာလပတ္လံုး သူ႔အေနနဲ႔ အစၥေရးႏိုင္ငံအေပၚ တာဝန္သိသိ သစၥာရွိရွိ ဆက္ၿပီး ဦးေဆာင္မွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

အစ္စရေးဝန်ကြီးချုပ်ကို အကျင့်ပျက် လာဘ်စားမှုနဲ့ စွဲချက်တင်ဖို့ ရဲတပ်ဖွဲ အကြံပြု

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အကျင့်ပျက်လာဘ်စားမှု၊ အများပြည်သူ ယုံကြည်မှုကို အလွဲသုံးစား လုပ်မှုတွေနဲ့ စွဲချက်တင် အရေးယူဖို့ အစ္စရေးရဲတပ်ဖွဲ့က အကြံပြုလိုက်ပါတယ်။

အစ္စရေးဝန်ကြီးချုပ်ဟာ ၂၀၁၇ ခုနှစ်တည်းက အဲဒီအမှုတွေနဲ့ ပတ်သက်လို့ မေးမြန်းတာ ခံခဲ့ရပြီး အဂတိလိုက်စားမှု သီးခြားစွဲချက် နှစ်ခုနဲ့ သံသယရှိခံနေရပါတယ်။

ဝန်ကြီးချုပ် နေတန်ယာဟု အနေနဲ့ ဘီလျံနာ သူဌေးတွေ၊ အစ္စရေးနိုင်ငံဖွား ဟောလိဝုဒ် သူဌေးကြီး အာနွန် မယ်လ်ချန်နဲ့ တခြား စီးပွားရေး စီးပွားရေးသမားတွေ ဆီကနေ အမေရိကန်ဒေါ်လာ ၁ သိန်းအပြင် တန်ဖိုးကြီး လက်ဆောင်တွေ လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲခံနေရပါတယ်။

ဒါ့အပြင် အပြုသဘောဆောင်တဲ့ သတင်းကို ဖော်ပြပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတင်းစာ ထုတ်ဝေသူတဦးကို အထူးအခွင့်အရေးတွေ ပေးဖို့ သူက ကတိပေးခဲ့တယ်လို့လည်း စွပ်စွဲမှုတွေ ရှိနေပါတယ်။

အစ္စရေး ဝန်ကြီးချုပ်ကတော့ သူအပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ငြင်းဆန်ထားဆဲဖြစ်ပြီး အစ္စရေး နိုင်ငံသားတွေက သူ့ကို ခေါင်းဆောင်ဖို့ ရွေးချယ်တဲ့ ကာလပတ်လုံး သူ့အနေနဲ့ အစ္စရေးနိုင်ငံအပေါ် တာဝန်သိသိ သစ္စာရှိရှိ ဆက်ပြီး ဦးဆောင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)