ေျမာက္ကိုရီးယားအေရး အေမရိကန္ သမၼတနဲ႔ ႐ုရွား သမၼတ ေဆြးေႏြး

0
282

အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္နဲ႔ ႐ုရွား သမၼတ ဗလာဒီမာ ပူတင္တုိ႔ ေျမာက္ကိုရီးယားအေရးနဲ႔ ပတ္သက္ၿပီး    ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔က ဖုန္းနဲ႔ ဆက္သြယ္ ေဆြးေႏြးခဲ့ပါတယ္။

ေျမာက္ကိုရီးယားအေရး ေဆြးေႏြးမႈေတြက ထဲထဲဝင္ဝင္ ပံုစံမ်ိဳး မရွိဘူးလို႔ ႐ုရွား အစိုးရ ေျပာေရးဆုိခြင့္ရွိသူက ဒီမီထရီ ပက္စေကာ့ဗ္က ေျပာပါတယ္။

အေမရိကန္ႏုိင္ငံ သမၼတ ေဒၚနယ္ ထရမ့္က ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔မွာ လူေပါင္း ၇၁ ဦး ေသဆံုးသြားခဲ့တဲ့ ႐ုရွားေလယာဥ္ ပ်က္က်မႈနဲ႔ ပတ္သက္လို႔  စံုစမ္းစစ္ေဆးမႈေတြမွာ အကူညီေပးဖုိ႔ ကမ္းလွမ္းခဲ့ပါတယ္။  ၿပီးခဲ့တဲ့ရက္ပိုင္းက ႐ုရွား ေမာ္စကုိၿမိဳ႕အနီးမွာ ႐ုရွားေလယာဥ္ ပ်က္က်ခဲ့ၿပီး ေလယာဥ္ေပၚ ပါသူအားလံုး အသက္ရွင္က်န္ရစ္တာ မရွိခဲ့ပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားအရေး အမေရိကန် သမ္မတနဲ့ ရုရှား သမ္မတ ဆွေးနွေး

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။

မြောက်ကိုရီးယားအရေး ဆွေးနွေးမှုတွေက ထဲထဲဝင်ဝင် ပုံစံမျိုး မရှိဘူးလို့ ရုရှား အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဒီမီထရီ ပက်စကော့ဗ်က ပြောပါတယ်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ် ထရမ့်က ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ လူပေါင်း ၇၁ ဦး သေဆုံးသွားခဲ့တဲ့ ရုရှားလေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေမှာ အကူညီပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှား မော်စကိုမြို့အနီးမှာ ရုရှားလေယာဉ် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် ပါသူအားလုံး အသက်ရှင်ကျန်ရစ်တာ မရှိခဲ့ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)