ကယ္ဆယ္ေပးသူကို ေပြ႕ဖက္ထားတဲ့ ေဂၚရီလာေမ်ာက္ဝံ ဓာတ္ပံု ပရိသတ္အႀကိဳက္ ဆုရရွိ

0
320

ကယ္ဆယ္ေပးတဲ့သူကို ေဂၚရီလာေမ်ာက္ဝံက ေပြ႔ဖက္ထားတဲ့ ဓာတ္ပံုဟာ ပရိသတ္က ေရြးခ်ယ္တဲ့ အေကာင္းဆံုး ေတာ႐ိုင္းတိရစာၦန္ ဓာတ္ပံုဆရာဆုကို ရရွိသြားပါတယ္။

ကင္မရြန္းႏိုင္ငံမွာ ေဂၚရီလာေမ်ာက္ဝံေတြကို ကယ္ဆယ္ၿပီး ေဘးမဲ့ေတာကို ပို႔ေဆာင္တဲ့ လုပ္ငန္းစဥ္အတြင္း အဲဒီ ဓာတ္ပံုကို ဓာတ္ပံုဆရာ ဂ်ိဳ အန္နီ မက္ခ္အာသာက ႐ိုက္ယူခဲ့တာ ျဖစ္ပါတယ္။ အဲဒီ ေဂၚရီလာေမ်ာက္ဝံကို ‘ပီကင္’ လို႔ အမည္ေပးထားပါတယ္။

ပီကင္ကို ဖမ္းဆီးၿပီး သတ္ျဖတ္ေရာင္းခ်ဖို႔ လုပ္ေနစဥ္ ကံေကာင္းေထာက္မစြာနဲ႔ အလႉရွင္ အဖြဲ႔တစ္ဖြဲ႔ျဖစ္တဲ့ ေမ်ာက္ဝံမ်ားအေရး လႈပ္ရွားမႈ အာဖရိက အဖြဲ႔က ကယ္ဆယ္ခဲ့တာ ျဖစ္ပါတယ္။ ေမ်ာက္ဝံေတြကို သတ္ျဖတ္ၿပီး အသားကိုေရာင္းခ်ဖို႔ ကင္မရြန္းမွာ တရားမဝင္ ဖမ္းဆီးမႈေတြ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကယ်ဆယ်ပေးသူကို ပွေ့ဖက်ထားတဲ့ ဂေါ်ရီလာမျောက်ဝံ ဓာတ်ပုံ ပရိသတ်အကြိုက် ဆုရရှိ

ကယ်ဆယ်ပေးတဲ့သူကို ဂေါ်ရီလာမျောက်ဝံက ပွေ့ဖက်ထားတဲ့ ဓာတ်ပုံဟာ ပရိသတ်က ရွေးချယ်တဲ့ အကောင်းဆုံး တောရိုင်းတိရစ္ဆာန် ဓာတ်ပုံဆရာဆုကို ရရှိသွားပါတယ်။

ကင်မရွန်းနိုင်ငံမှာ ဂေါ်ရီလာမျောက်ဝံတွေကို ကယ်ဆယ်ပြီး ဘေးမဲ့တောကို ပို့ဆောင်တဲ့ လုပ်ငန်းစဉ်အတွင်း အဲဒီ ဓာတ်ပုံကို ဓာတ်ပုံဆရာ ဂျို အန်နီ မက်ခ်အာသာက ရိုက်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဂေါ်ရီလာမျောက်ဝံကို ‘ပီကင်’ လို့ အမည်ပေးထားပါတယ်။

ပီကင်ကို ဖမ်းဆီးပြီး သတ်ဖြတ်ရောင်းချဖို့ လုပ်နေစဉ် ကံကောင်းထောက်မစွာနဲ့ အလှူရှင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မျောက်ဝံများအရေး လှုပ်ရှားမှု အာဖရိက အဖွဲ့က ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။ မျောက်ဝံတွေကို သတ်ဖြတ်ပြီး အသားကိုရောင်းချဖို့ ကင်မရွန်းမှာ တရားမဝင် ဖမ်းဆီးမှုတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)