သြစတြေးလျမှာ ကုလားအုပ်ရိုင်း ၅ ထောင်ကျော်ကို သုတ်သင်

0
140

သြစတြေးလျ တောင်ပိုင်း မိုးခေါင်ရေရှားတဲ့ ဧရိယာတွေမှာ ဌာနေ တိုင်းရင်းလူမျိုးစု အသိုင်းအဝိုင်းကို ခြိမ်းခြောက်မှု ဖြစ်နေတဲ့ ကုလားအုပ်အရိုင်း ၅ ထောင်ကျော်ကို ငါးရက်အတွင်း ရဟတ်ယာဉ်ပေါ်ကနေ သေနတ်သမားတွေက သုတ်သင်ရှင်းလင်းခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ပြောပါတယ်။

များပြားလှပြီး ဌာနေ တိရစ္ဆာန်မဟုတ်တဲ့ ကုလားအုပ်ရိုင်းတွေဟာ စားနပ်ရိက္ခာကို ရှားစေတာ၊ သောက်သုံးရေတွေကို ကုန်ခမ်းစေတာ၊ အခြေခံအဆောက်အဦတွေကို ပျက်စီးစေတာ၊ ကားလမ်းပေါ် တက်ရောက်နေလို့ ယာဉ်မောင်းတွေ မတော်တဆမှုဖြစ်တာ စသဖြင့် ကျေးလက်နေ လူ့အသိုင်းအဝိုင်းကို နှောင့်ယှက်နေတယ်လို့ သြစတြေးလျ တောင်ပိုင်းပြည်နယ် ဌာနေလူမျိုးစု အကြီးအကဲက ပြောပါတယ်။

တိရစ္တာန် အခွင့်အရေး လှုပ်ရှားသူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အသိအမှတ်ပြုပါကြောင်း၊ ဒါပေမယ့် မြေပြင်မှာ ဖြစ်နေတဲ့ အချက်အလက်တွေနဲ့ လွဲနေကြောင်း၊ များပြားတဲ့ ကုလားအုတ်ရိုင်းကောင်ရေကြောင့် တန်ဖိုးရှိတဲ့ သောက်သုံးရေ ပြတ်လပ်တာ၊ ဌာနေ အပင်နဲ့ ပန်းမျိုးစိတ်တွေ ပျောက်ကွယ်တာတွေ ဖြစ်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကုလားအုပ်တွေဟာ သြစတြေးလျတိုက်ကို ၁၈၄၀ ပြည့်နှစ် ဝန်းကျင်မှာ စတင် ရောက်ရှိလာပြီး နှစ်ခြောက်ဆယ်အတွင်း အိန္ဒိယကနေ ကုလားအုတ် ကောင်ရေ ၂၀၀၀ ခေါ်ယူလာခဲ့ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)