ဟယ်ရီနဲ့ မီဂန်တို့ကို တော်ဝင်မိသားစု ကဏ္ဍကနေ အဲလိဇဘက် ဘုရင်မကြီးက ထွက်ခွာခွင့်ပြု

0
69

ဗြိတိသျှ တော်ဝင်မိသားစုအတွင်း အကြိတ်အနယ် ဆွေးနွေးကြပြီးနောက် ဘုရင်မကြီး အဲလိဇဘက်က မြေးတော်ဖြစ်သူ မင်းသား ဟယ်ရီနဲ့ ဇနီး မီဂန်တို့ရဲ့ ဆန္ဒအတိုင်း အနားဂတ်မှာ ပိုမိုလွတ်လပ်စွာ နေထိုင်ခွင့်ပြုဖို့ တွန့်ဆုတ်စွာပဲ ခွင့်ပြုလိုက်ပါတယ်။

မင်းသား ဟယ်ရီနဲ့ ဇနီးဖြစ်သူ အမေရိက သရုပ်ဆောင် မီဂန်တို့ဟာ ဗြိတိန်နဲ့ ကနေဒါမှာ တစ်လှည့်စီ နေထိုင်ပြီးနောက် သူတို့ရဲ့ အကူူးအပြောင်းကာလကို စတင်ကြရတော့မှာ ဖြစ်ပါတယ်။ သူတို့ဟာ တော်ဝင်မိသားစုရဲ့ တာဝန်တွေကို လျှော့ချသွားမှာ ဖြစ်ပြီး သူတို့ရပ်တည်မှု အတွက်လည်း ပြည်သူ့ဘဏ္ဍာငွေအပေါ် မှီခိုမှုကို အဆုံးသတ်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။

အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးကတော့ သူရယ်၊ ဟယ်ရီရယ်၊ မင်းသား ဝီလျံရယ်၊ သူတို့ရဲ့ ဖခင် နန်းဆက်ခံမယ့် မင်းသားကြီး ချားလ်စ်တို့ ကြားမှာ ဆွေးနွေးမှုဟာ အလွန်အပြုသဘောဆောင်တယ်လို့ ပြောပါတယ်။ ဟယ်ရီနဲ့ မီဂန်တို့ရဲ့ ငယ်ရွယ်သူ မိသားစုအနေနဲ့ ဘဝသစ်ကို ဖန်တီးမယ့် ဆန္ဒအပေါ် မိသားစုနဲ့ သူကိုယ်တိုင်က လုံးဝ အားပေးတယ်လို့ ဘုရင်မကြီးက ပြောပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>