စာကြည့်တိုက်မှာ ဒေါ်လာ ၈ သန်းဖိုး ရှားပါးစာအုပ်တွေ ပျောက်ဆုံးနေကြောင်း တွေ့ရှိ

0
17

အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ပစ္စဘာ့ဂျ်မြို့ရှိ စာကြည့်တိုက်တစ်ခုမှာ ရှားပါးစာအုပ်တွေ၊ စာထုတ်တွေနဲ့ မြေပုံတွေ အမေရိကန် ဒေါ်လာ ၈ သန်းဖိုးလောက် ပျောက်ဆုံးနေတာကို တွေ့ရှိရပြီး အဲဒီ ရှားပါး စာပေလက်ရာတွေကို ခိုးယူရောင်းချမှုနဲ့ လူနှစ်ဦးကို စွဲချက်တင်ထားပါတယ်။

အခုလို အချိုးခံရမှုဟာ စာကြည့်တိုက်မှာ ကမ္ဘာ့ တန်ဖိုး အများဆုံး အခိုးခံရမှု ဖြစ်တယ်လို့ တရားရုံးကိုတင်တဲ့ စာတထဲမှာ ဖော်ပြထားပါတယ်။ ပစ္စဘာ့ဂျ်မြို့ရှိ ကာနေဂျီ စာကြည့်တိုက် မော်ကွန်းတိုက်မှူးဟောင်း ဂရီဂိုရီ ပရိုင်ရိုကို စာကြည့်တိုက်ပိုင် ပစ္စည်းတွေကို တရားမဝင် ခိုးယူမှု ၁၀ မှုနဲ့ အမှုဖွင့်ထားပါတယ်။

ကာလီဘန် စာအုပ်ဆိုင် ပိုင်ရှင် ဂျွန် ရှူးမန်းကတော့ ခိုးရာပါ ပစ္စည်းတွေ လက်ခံမှုနဲ့ အမှုဖွင့်ခံထားရပါတယ်။ ရှူးမန်းရဲ့ ရှေ့နေ အယ်လ်ဘတ်ကတော့ သူ့ရဲ့အမှုသည် စာအုပ်ဆိုင် ပိုင်ရှင်ဟာ ဒီစာအုပ်စာတမ်းတွေ ဝယ်ယူခဲတယ်ဆိုတာ လက်ခံပေမယ့် ဒါတွေ ဘယ်က ရလာလဲဆိုတာကိုတော့ သိနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>