မအောင်မြင်တဲ့ အာဏာသိမ်းမှုနဲ့ ဆက်စပ်လို့ စစ်သည် ၁၇၆ ဦးကို ဖမ်းဖို့ အမိန့်ထုတ်

0
31

ပြီးခဲ့တဲ့ သုံးနှစ်ခွဲက မအောင်မြင်တဲ့ အာဏာသိမ်းမှု ဆက်စပ်လို့ သံသယရှိသူ စစ်သည် ၁၇၆ ဦးကို ဖမ်းဆီးဖို့ တူရကီ အစိုးရက ဇန်နဝါရီလ ၁၄ ရက်မှာ အမိန့်ထုတ်လိုက်ပါတယ်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လက လူ ၂၅၀ သေဆုံးခဲ့တဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုမှာ အမေရိကန် အခြေစိုက် ဘာသာရေးခေါင်းဆောင် ဖက်တူလာ ဂူလန်နဲ့ ဆက်စပ်တယ်ဆိုပြီး အခုလို ဖမ်းဆီးဖို့ ညွှန်ကြားတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဟာ ပြည်နယ် ၄၉ ခုကို ပစ်မှတ်ထားပြီး ဖမ်းဆီးဖို့ ရှာဖွေနေကြပါတယ်။ ဖမ်းဆီးခံရမယ့် သူတွေထဲမှာ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ၉၇ ဦးအပါအဝင် ဒုဗိုလ် ၁၄၃ ဦး၊ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ဒု အရာခံဗိုလ် ၁၁ ဦး အပါအဝင် ၃၃ ဦးတို့ ပါဝင်ပါတယ်။ ဒါ့အပြင် အဖမ်းခံရမယ့် အထဲမှာ F-16 စစ်လေယာဉ် လေယာဉ်မှူး ခြောက်ဦးလည်း ပါဝင်ပါတယ်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုမှာ အမေရိကန်၊ ပင်ဆယ်ဗေးနီးယားမှာ ၁၉၉၉ ခုနှစ်ကတည်း ခိုလှုံနေတဲ့ မွတ်စလင် တရားဟောဆရာ ဖက်တူလာ ဂူလန်က ကြိုးကိုင်ခဲ့တယ်လို့ တူရကီက စွပ်စွဲထားပြီး ဂူလန်ကလည်း ငြင်းဆိုထားပါတယ်။ အာဏာသိမ်းဖို့ ကြိုးပမ်းမှု စွပ်စွဲချက်နဲ့ သုံးနှစ်အတွင်း ဖမ်းဆီးထောင်ချပြီး တရားရင်ဆိုင်နေရသူ ၇၇၀၀၀ ကျော်ရှိပါတယ်။ ရာထူး တာဝန်တွေကနေ ရပ်ဆဲခံရတဲ့ ဝန်ထမ်း၊ စစ်တပ်အရာရှိနဲ့ တခြားသူတွေကတော့ ၁၅၀၀၀၀ ကျော် ရှိပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>