သြစတြေးလျ မီးခိုးငွေတွေဟာ ကမ္ဘာကို တစ်ပတ်အပြည့် ပတ်မိလိမ့်မယ်လို့ နာဆာ ပြော

0
65

သြစေတြးလျမှာ တောမီးအကြီးအကျယ် လောင်လို့ ထွက်ပေါ်လာတဲ့ မီးခိုးတွေဟာ ကမ္ဘာ့လေထုထဲကနေ ကမ္ဘာကို တစ်ပတ်ပြည့်အောင် ပတ်ပြီး သြစတြေးလျတိုက်ကို ပြန်ရောက်လာလိမ့်မယ်လို့ အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ (နာဆာ) အဖွဲ့က သတိပေးလိုက်ပါတယ်။

အဲဒီ ကမ္ဘာပတ်တဲ့ တောမီးခိုးငွေ့တွေဟာ ဝေးလံတဲ့ တောင်အမေရိကတိုက်ရှိ လေထု အရည်အသွေးကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၈ ရက်နေ့မှာ သြစတြေးလျ တောမီးခိုးငွေ့တွေဟာ ကမ္ဘာ့ကို ပတ်နေတာ ထက်ဝက်ကို ရောက်ရှိပြီ ဖြစ်တယ်လို့ နာဆာရဲ့ ဂြိုဟ်တုလမ်းကြောင်းတွေက ဖော်ပြနေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

သြစတြေးလျ တောမီး မီးခိုးတွေကြောင့် နယူးဇီလန်မှာ လေထု အရည်အသွေး အလွန်ဆိုးရွားနေပြီး ကောင်းကင်ဟာ ထိုင်းမှိုင်းနေပါတယ်။ ချီလီနဲ့ အာဂျင်တီးနား နိုင်ငံတွေရဲ့ တစ်ချို့နေရာတွေမှာ နေဝင်ချိန်နဲ့ နေထွက်ချိန်ကို ရောင်စုံ မြင်နေရပါတယ်။ သြစတြေးလျ တောမီးဟာ သြစတြေးလျကိုသာ ထိခိုင်စေတာ မဟုတ်ကြောင်း၊ မကြုံဖူးတဲ့ အပူရှိန်နဲ့ စံချိန်တင် ခြောက်သွေ့မှုတို့ ပူးပေါင်းကာ ဖြစ်ပေါ်လာတာဖြစ်ပြီး ဒီဖြစ်ပျက်မှုဟာ ပုံမှန်မဟုတ်တဲ့ မိုးကြိုးမုန်းတိုင်းတွေကို ဖြစ်ပေါ်လာစေဖို့ ဦးတည်လိမ့်မယ်လို့ နာဆာက သတိပေးထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)