ပေါ်တူဂီဝန်ကြီးချုပ် ဂူတာရပ်စ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်သစ် ဖြစ်လာ

0
247

ပေါ်တူဂီနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အန်တိုနီယိုဂူတာရပ်စ်ဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်သစ်ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

aaaa

ဂူတာရပ်ပ်ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့ကလုပ်တဲ့ ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အကြိမ်(၆၀)မြောက် မျက်နှာစုံညီအစည်းအဝေးမှာ အထွေထွေအတွင်းရေးမှူးချုပ်သစ်အဖြစ် ကျမ်းကျိန်ခဲ့တာပါ။

un

ကမ္ဘာ့အနှံ့အပြားမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအရေးမှာ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွေမှာ ကူညီဆောင်ရွက်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းကိုလည်း ဒီထက်ပိုထိရောက်လာအောင် ပြုပြင်ပြောင်းလဲမှု လုပ်သွားမယ်လို့ သူက ကတိပြုခဲ့ပါတယ်။

ဂူတာရပ်စ်ဟာ ဝင်ရောက်အရွေးချယ်ခံသူ ပြိုင်ဘက် ၁၂ ဦး ကျော်ဖြတ်ပြီး အတွင်းရေးမှူးချုပ်သစ် ဖြစ်လာတာဖြစ်ပါတယ်။ အရွေးချယ်ခံသူတွေထဲမှာ အမျိုးသမီး ၇ ဦးပါဝင်ပြီး ဒီတစ်ခေါက်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟာ အမျိုးသမီးတစ်ယောက် ဖြစ်နိုင်တယ်လို့လည်း ယူဆခဲ့ကြတာပါ။

အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဂူတာရပ်စ်ဟာ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အထိ ပေါ်တူဂီနိုင်ငံ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းဟာ သက်တမ်း ၇၁ နှစ်ရှိပြီဖြစ်ပြီး လက်ရှိ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီနှစ်ကုန်မှာ ရာထူးကနေ အနားယူမှာ ဖြစ်ပါတယ်။ ဂူတာရပ်စ်ဟာ ကိုးယောက်မြောက် အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)